Ep 161 &162(Zawgyi &Unicode)
5.2K 652 82
Chapter 80.3: နတ်ဘုရားမျှော်စင် :
လူပုမြို့တော်ပျက်
တုကျဲ့ နှင့် ရှို့ လူပုမြို့တော်ပျက်၏ လမ်းမထက်
နောက်တစ်ကြိမ် ခြေချချိန်မှာ ... လူပုမျိုးနွယ်စု
စမ်းသပ်မှု၏ တတိယမြောက်နေ့ တောင်ဖြစ်နေပြီ
ဖြစ်သည် ။ အမွေးပွပွအရာ ဘယ်ဟာမဆို ‌
တုကျဲ့ မြင်ချိန်တိုင်းမှာ မြေမြုပ်ဗုံးတစ်ခုကို ကြည့်
‌နေရသည့်အလားပင် ။ ဘာအမွှေးမှမရှိသော်
လည်း ဆီအနံ့ရသည့် စက်ရုပ်ကိုတွေ့ ရင်တောင်
မှပဲ တုကျဲ့ မျက်ရည်ဝဲမိသည်။
သူတို့ကို တိုက်ခိုက်ဖို့ကြိုးပမ်းလာသည့် စက်ရုပ်
ကို ရှို့ လျှင်လျှင်မြန်မြန်ပင် ရှင်းပစ်လိုက်သည် ။
ကြယ်လေးလုံးရှိသည့် စက်ရုပ်တွေမှာ အလွယ်
‌လေးအနိုင်ယူခံလိုက်ရပြီး ... ချစ်စရာ သခင်လေး
နှင့် သူတို့ တိုက်ခိုက်ကြချိန်တိုင်းမှာ အစိတ်အပိုင်း
‌လေးတစ်ခု အဖြစ်သို့ ရောက်သွားကြရှာသည် ။
ရှို့ နောက်ကျောကို တုကျဲ့ ငေးကြည့်လိုက်ပြီး
နောက် ကျဆုံးသွားကြသည့် စက်ရုပ်တွေကို
ကြည့်လိုက်သည် ။ သူတို့တွေ ကုန်းမြေ၏
ဆန့်ကျင်ဘက်အခြမ်းမှာ စက်ရုပ်တွေကို
ပထမဆုံးတွေ့ ခဲ့သည့်အချိန်ကို သူ ပြန်သတိရမိ
သည် ။ထိုအချိန်တုန်းက ကြယ်တစ်ပွင့်စက်ရုပ်
ကတောင် သူတို့အတွက် ပြဿနာအများကြီး
တက်စေခဲ့ပေမယ့် အခုတော့ ရှို့ က ကြယ်ငါးပွင့်
စက်ရုပ်တွေကိုတောင် အသာလေး အနိုင်ပိုင်းနိုင်
‌နေပြီပင် ။
သူ သဘောမပေါက်သေးခင်မှာပဲ သူတို့တွေ
ထိုကဲ့သို့ အချိန်တွေအကြာကြီး အတူတူခရီးဆက်
ခဲ့ကြပြီး.. အခုချိန်မှာ ချစ်စရာသခင်လေးက
စွမ်းအား အလွန်ကြီးလာခဲ့ပြီဖြစ်သည် ။
တုကျဲ့ နှလုံးသား အနည်းငယ်ခုန်လှုပ်သွားခဲ့ပြီး
သူ ချိုမြိန်ကာ ခါးသက်သည့် ခံစားချက်ကိုခံစား
ရသည် ။ဤဟာက ကလေးတစ်ယောက် ကြီးပြင်း
လာတာကို စောင့်ကြည့်နေရသလိုပင် ။ ကလေး
ငယ်လေးရဲ့ ယိုင်တိုင်တိုင်ခြေလှမ်းတွေကနေ
ယုံကြည်မှုအပြည့်နှင့် လျှောက်လှမ်းခြင်းအဖြစ်သို့
‌ပြောင်းလဲလာခဲ့ပြီ ။
ထိုအတွက် သူဂုဏ်ယူကာ ဝမ်းမြောက်မိသော်
လည်း ... သူက အုပ်ထိန်းသူတိုင်းနှင့် တူညီသည့်
‌နေရာမှာ ရောက်နေခဲ့တာဖြစ်သည် - ကလေးလေး
အရွယ်ရောက်သွားချိန်မှာ ... သူတို့တွေ ထွက်ခွာ
ဖို့ပြင်ဆင်ရတော့မှာဖြစ်သည် ။