Ch 19(Zawgyi &Unicode)
10.7K 1.4K 38
Chapter 10.2 – Author: The space-time corridors of the past and future
ပထမနံရံပန်းချီပုံမှာ ရေးဆွဲထားတာကတော့...
ရထားလက်မှတ်ဝယ်ဖို့ တန်းစီနေကြတဲ့သက်ရှိတွေ
ရဲ့ ပုံဖြစ်သည် ။တုကျဲ့ သူ့ကိုယ်သူနောက်နေတာကို
ရပ်ပြီး...ပန်းချီပုံတွေကို သေချာစူးစမ်းပြီးကြည့်တော့
သည် ။ပန်းချီက စိတ်ကူးသက်သက်ပဲဆွဲထားခြင်း
မဟုတ်ပေ ။ဖော်ပြထားတာတွေကို သိပ်မကြာခင်မှာပဲ
သူနားလည်သွားသည် ။တောက်ပနေတဲ့နယ်ပယ်တွေ
ဝန်းရံထားခံရပြီးတော့ ထိပ်မှာရှိနေတဲ့ ရောင်ဝါတွေ
ထွန်းလင်းနေတဲ့ လူတစ်ယောက် ။
မျိုးနွယ်စုတစ်ခုချင်းစီကို လူအုပ်စုတစ်ခုချင်းစီဖြင့်
ကိုယ်စားပြုထားပြီး... အိန်ဂျယ်မျိုးနွယ်စုရဲ့
ခေါင်းဆောင်က ရောင်ဝါတွေတောက်ပနေတဲ့လူဆီ
ကနေပြီး အလင်းရောင်အလုံးတစ်လုံးကို လက်ခံဖို့
အတွက် အရှေ့မှာရပ်ကာ လက်ကိုဆန့်တန်းလျက်
ရှိနေသည် ။
တုကျဲ့ သိပ်တော့နားမလည်ပေမယ့်...အလွန်
စိတ်ဝင်စားစရာကောင်းတယ်လို့တော့ ခံစားမိသည်။
ဒုတိယမြောက်ပန်းချီပုံကို သူကြည့်လိုက်သည် ။
အဲတာက ငှက်အုပ်စုတွေရဲ့တိုက်ပွဲ... အဟမ်း...
မဟုတ်ဘူး...အဲတာ နတ်ဆိုးတွေနဲ့အိန်ဂျယ်တွေ
တိုက်ခိုက်နေကြခြင်းဖြစ်သည် ။နတ်ဆိုးတွေက
အရေအတွက်ပိုပြီးများပြားသောကြောင့် အိန်ဂျယ်
တွေ ဒုက္ခရောက်နေကြတဲ့ပုံပင် ။
တတိယမြောက်ပန်းချီပုံကို အပိုင်းနှစ်ပိုင်းခွဲထား
သည် ။အောက်ပိုင်းကပုံမှာ နတ်ဆိုးမျိုးနွယ်ကိုပြ
ထားပြီး...အပေါ်ပိုင်းပုံမှာတော့ နတ်သူငယ်လေးတွေ
ပါဝင်ပြီးပေါင်းစည်းထားတဲ့ အိန်ဂျယ်မျိုးနွယ်စုကို
ပြထားသည် ။ဒီတစ်ကြိမ်မှာတော့ နားရွက်ချွန်ချွန်
လေးတွေနဲ့လှပတဲ့သက်ရှိလေးတွေရဲ့ အရေအတွက်
က အများဆုံးဖြစ်သည် ။
ထိုပုံတွေကိုကြည့်ပြီး တုကျဲ့ ရင်းနှီးနေတဲ့ခံစားချက်ကို
ရလိုက်သည် ။ သူမှတ်မိရမယ့်တစ်ခုခု ရှိနေသလိုပင် ။
သူကြိုးစားပေမယ့်လည်း... သူဘာကိုမှတ်မိရမလဲ
ဆိုတာကို လုံးဝပြန်စဉ်းစားလို့မရပေ ။ချစ်စရာ
readerလေးက အဲဒီဇဝေဇဝါခံစားချက်ကို
ခဏလောက်ဘေးချိတ်ပြီး ပန်းချီပုံတွေကို
ဆက်ကြည့်လိုက်သည် ။လေးပုံမြောက်မှာတော့
ထိုစစ်ပွဲရဲ့အဆုံးသတ်ကို သရုပ်ဖော်ထားသည် ။