Ep 125 & 126(Zawgyi &Unicode)
6.4K 871 204
Chapter 65.1 - Protagonist: ကိုယ်
မင်းနဲ့ တစ်သက်လုံးအတူနေသွားချင်တယ် ။
တုကျဲ့ တစ်နေ့ လည်ခင်းလုံး အိပ်ရာထဲမှာ
အိပ်နေခဲ့သည်။သူ ညနေဘက်ထလာချိန်မှာတော့
... သူ့ လက်တွေနှင့် ‌ခြေ‌ထောက်တွေ အားမရှိ
ဖြစ်နေခဲ့သည် ။
ရှို့ အိမ်ထဲမှာမရှိပေ ။ ပြတင်းပေါက်ကနေတစ်ဆင့်
... ရှို့ နှင့် ရေချယ် အပြင်ဘက်မှာ စကားပြောနေ
သည်ကို တုကျဲ့ မြင်ရသည် ။နတ်ဆိုးညီအစ်မ
နှစ်ယောက်ကတော့ ရှို့ ရဲ့ အနောက်မှာရိုကျိုးသည့်
အိမ်ဖော်အကူမလေးတွေကဲ့သို့ မတ်တပ်ရပ်နေခဲ့
ကြသည် ။တုကျဲ့ နိုးလာပြီမှန်း ရှို့ သတိထားမိချိန်
မှာ... ရေချယ်နှင့် နတ်ဆိုးညီအစ်မကို သူစကား
အချို့ ထပ်ပြောလိုက်ပြီးနောက် အိမ်ထဲသို့ ပြန်ဝင်
လာခဲ့သည် ။တုကျဲ့ ကုတင်ပေါ်ကနေဆင်းချင်‌
‌သော်လည်းပဲ ခြုံစောင်ကို သူလှပ်လိုက်ချိန်မှာ ...
အးစက်နေသည့်လေက သူအခုထိ ကိုယ်တစ်ပိုင်း
ဗလာဖြစ်နေသေး‌ကြောင်း သတိပေးလာခဲ့သည် ။
အူကြောင်ကြား ချစ်စရာကောင်လေး တောင့်
တောင့်ကြီးဖြစ်သွားကာ ကွယ်လွန်သွားရှာပြီ
ဖြစ်တဲ့ ဘောင်းဘီ‌တွေကို တစ်ချက်ဝေ့ကြည့်လိုက်
သည်... ထို့နောက် ရှို့ ကို ကူကယ်ရာမဲ့စွာဖြင့်
ကြည့်လိုက်ကာ : ".... ဘောင်းဘီတွေ "
အပြင်ပန်းမှာ မထုံတက်သေးဖြစ်နေပေမယ့်
အတွင်းမှာ ကြံရာမရဖြစ်နေသည့် တုကျဲ့ ကို ‌စိုက်
ကြည့်ရင်း ရှို့ နှုတ်ခမ်းထောင့်စွန်းတွေ ကော့တက်
သွားခဲ့ သည် ။
ရှို့ သူ့လက်ကို ခြုံစောင်အတွင်းသို့ထည့်ကာ
‌ပျော်ရွှင်စွာဖြင့် ပြောလိုက်သည် : " အရမ်း
‌ကောင်းတယ် ...ကိုယ်က မင်းကို အိပ်ရာထဲမှာပဲ
‌နေစေချင်တာ "
ရှို့ ရဲ့ လက်က အန္တရာယ်များသည့်နေရာတချို့ ကို
ထိတော့မည်ဆိုတာ သိလိုက်ရ‌တော့ ... တုကျဲ့ 
သူ့ ‌ခြေထောက်တွေကို နည်းနည်းကွေးကာ
အကြောင်းအရာကို ချက်ချင်းပြောင်းပစ်ပြီး ...
ချစ်စရာသခင်လေးနှင့် ဘဝအကြောင်းဆွေးနွေး
ဖို့ရာ ကြိုးစားလိုက်သည် ။
" မင်းတို့ ခုနကဘာတွေပြောနေကြတာလဲ ?"
"မှော်နဲ့ ပို့ဆောင်ပေးတဲ့ ပုံစံကို သူတို့တွေ
ဆောက်နေကြတာ " တုကျဲ့ ရဲ့ ‌ခြေချင်းဝတ်လေး
ကို ရှို့ ကိုင်လိုက်ကာ သူ့လက်ဖဝါးတွေရဲ့ 
‌အောက်မှာ ချော‌မွတ်နေသည့် အသားအရေလေး
ကို ခံစားရသည် ။