Ep 80(Zawgyi & Unicode)
7.6K 1.1K 45
Chapter 42.1 - Reader/Protagonist: I'll accept this task.
လေထန်မြို့က နတ်သူငယ်တောအုပ်နှင့် နီးကပ်
သည် ။ ထိုနေရာက နတ်သူငယ်တောအုပ်
ဒါမှမဟုတ် လူပုမြို့တော်ပျက်တို့ကို ခရီးသွားတွေ
စူးစမ်းမဖော်ထုတ်ကြခင်မှာ ရပ်နားကြတဲ့နေရာ
ဖြစ်ပြီး...ကြေးစားလမ်းညွှန်ရုံးခန်းက ထိုမြို့မှာ
တည်ရှိသည် ။
ကြိုဆိုရေးဝန်ထမ်းဖြစ်တဲ့ အန်နီ ပျင်းရိစွာနဲ့
သူမလက်သည်းထိပ်လေးတွေဖြင့် ကစားနေခဲ့
သည် ။တလောက နတ်သူငယ်တောအုပ်ရဲ့
အတွင်းထဲမှာဖြစ်ခဲ့တဲ့ ကြီးမားတဲ့ပြောင်းလဲမှု
အဖြစ်အပျက်တွေနှင့် ယှဉ်လိုက်ရင် ကြေးစား
လမ်းညွှန်ရုံးက ဒီနေ့ပိုပြီးတော့ ပျင်းရိဖွယ်ကောင်း
နေခဲ့သည် ။
အဆင့်နိမ့်မှော်သားရဲတွေအများကြီးကို တွေ့ရပြီး...
ကမူးရှူးထိုးပြေးနေတဲ့ မှော်သားရဲတောင်
ရှိသေးသည် ။ လွန်ခဲ့တဲ့တစ်ပတ်တုန်းက...လူ
အများကြီး မီးလျှံတွေကို နတ်သူငယ်တောအုပ်ထဲ
မှာမြင်ခဲ့ရပြီး...စွမ်းအားအတက်အကျက စစ်နတ်
ဘုရား သို့မဟုတ် မှော်နတ်ဘုရား အဆင့်မှာရှိ
သည် ။စွမ်းအားအတက်အကျ လျော့နည်းသွားခဲ့ပြီ
ဖြစ်ပေမယ့်လည်း...လူအများစုကတော့ အခုထိ
ကြောက်လန့်နေဆဲဖြစ်သည် ။
နတ်သူငယ်တွေက နတ်သူငယ်တောအုပ်ရဲ့
လူသူဝေးရာအရပ်မှာနေကြပြီး...ထို လှပတဲ့
လူတွေရဲ့မျိုးနွယ်စုက သွားရန်စလို့ကောင်းတဲ့
အရာမဟုတ်ပေ ။သူတို့မှာ မှော်နတ်ဘုရား
သို့မဟုတ် စစ်နတ်ဘုရားအဆင့် စစ်သည်တော်
အနည်းဆုံး နှစ်ယောက်ရှိသည် ။ထိုဟာက ပျက်စီး
ကုန်းမြေကလူတွေရဲ့ သဘောထားဖြစ်သည် ။
ထိုနေ့ကစပြီး...နတ်သူငယ်တွေမှာ အခြေအနေ
တစ်ခုရှိနေပုံပေါ်သည် ။အခု တာဝန်boardမှာ
နတ်သူငယ်တောအုပ်ရဲ့ missionsတွေနဲ့ ပြည့်
နေခဲ့ပြီး...ကြေးစားနီးပါးတိုင်းက နတ်သူငယ်
တောအုပ်ကို စူးစမ်းရှာဖွေဖို့ရန် အပြေးအလွှား
သွားနေခဲ့ကြသည် ။
သတင်းပေါင်းစုံလည်း ထွက်လာခဲ့သည် -တချို့ 
လူတွေက သူတို့ ကျိန်စာရဲ့သင်္ကေတတွေကို
တွေ့သည်ဟုဆိုပြီး ...တချို့လူတွေကတော့
ပြောင်ရှင်းနေတဲ့ နတ်သူငယ်တောအုပ်ကို
တွေ့သည်ဟုဆိုကာ....လူတချို့ကတော့
နဂါးတစ်ကောင်ကိုတောင် တွေ့သည်ဟု ပြောလာ
ကြသည် ။