Ep 67(Zawgyi & Unicode)
6.5K 1K 119
Chapter 34.2 – Author: Choose a good rival, this is a lifetime thing.
ပြိုင်ဘက်အပေါ် တုကျဲ့ ရဲ့ ခံစားချက်တွေက
ရှုပ်ထွေးသည် ။ရီရယ်ကျီချိုးက အီရစ်ခ်ကို
ဒီလိုဖော်ပြခဲ့တယ်...နေရောင်ခြည်လို
ရွှေရောင်ဆံပင် ၊ ချောမောတယ်၊ အလားအလာ
ကောင်းတယ် ၊ အားသာချက်တွေအကုန်လုံးကို
ပိုင်ဆိုင်ထားတယ် - အဲတာကdeja vu
ဖြစ်မနေဘူးလား!
(အခုတွေ့ကြုံနေတာတွေကို အရင်ကလည်း
တွေ့ကြုံဖူးတဲ့ခံစားချက်ကို ပြောချင်တာပါ)
အား! ဖော်ပြထားတာတွေက ဇာတ်လိုက်ဆိုးသွမ်း
မသွားခင်တုန်းကပုံစံနဲ့ တစ်ပုံစံတည်းပဲ ။
Author... ခင်ဗျားက readersတွေကို
တမင်သက်သက် ဆွပေးနေတာပဲ! ဒီ reader
လေးကို ငိုစေချင်နေတာလား? ဒီလူငယ်လေး
တကယ်ငိုလိုက်မှာနော်!
"Mixed Blood"ထဲက ပြိုင်ဘက်ကို သူ
တွေ့ချိန်တိုင်း တုကျဲ့ အမြဲတွေးမိသည်...
တကယ်လို့ သူသာ author ရဲ့ စိတ်ဝင်စားမှုကို
ရအောင် commentပေးတဲ့နေရာကို မသွား
ခဲ့ရင်...ဇာတ်လိုက်က ပြိုင်ဘက်လိုပုံစံမျိုးပဲ
ဖြစ်နေဦးမှာလား?
ပြီးတော့ အဲဒီ f**king authorက
လူမဆန်တာ... "Mixed Blood"ထဲမှာ...
ဇာတ်လိုက်က ကမ္ဘာကို ဖျက်ဆီးဖို့ကြိုးစားနေချိန်
မှာ သူ့ရဲ့ပြိုင်ဘက်က သူ့ကိုလိုက်တားနေခဲ့သည် ။
Readersတွေအကုန်လုံး စိတ်ရှုပ်ထွေးကုန်ကြ
ရသည် ။F**k, ဘယ်တစ်ယောက်က
ဇာတ်လိုက်လဲ...ဘယ်တစ်ယောက်က ဗီလိန်
လဲ? !
ဇာတ်လိုက်နဲ့ သူ့ရဲ့ပြိုင်ဘက်ကြားက တူညီမှု
တွေနဲ့ ကွာခြားချက်တွေကို စိတ်အလှုပ်ရှားဆုံး
သူတွေကတော့ အမျိုးသမီးတွေနဲ့ ညီမလေးတွေ
အုပ်စုတစ်စုပဲဖြစ်သည် ။
တုကျဲ့ ရဲ့ အကြည့်တွေက အဝေးတစ်နေရာသို့
ရွေ့သွားခဲ့သည် ။Doujinshi ထဲက
ဇာတ်ကောင်နဲ့ တကယ့်အစစ်အမှန်လူက
မတူပေမယ့်လည်း...ပြိုင်ဘက်က " ပြန်ထုတ်
လိုက်ပါ " ဆိုပြီး ငိုခဲ့တဲ့အခန်းတစ်ခန်းကို
သွားတွေးမိသွားခဲ့သည် ...အူကြောင်ကြား
ချစ်စရာကောင်လေး တစ်ယောက်ကတော့
ပြိုင်ဘက်ကို တည့်တည့်မကြည့်ရဲတော့ပေ ။
မြင်ကွင်းထဲကိုဝင်လာခဲ့တဲ့ နောက်ဆုံးတစ်ယောက်
က လေးနဲ့မြှားနှင့် နတ်သူငယ်တစ်ယောက်
ဖြစ်သည် ။ကောလဟာလတွေထဲကအတိုင်း
အရမ်းကိုလှပတဲ့ နတ်သူငယ်ကို တုကျဲ့ ကြည့်
လိုက်မိသည်...ထို့နောက် ဇာတ်ညွှန်းနတ်ဘုရား
က အရမ်းကိုအလုပ်ကြိုးစားပြီး အလုပ်မှာ
မြုပ်နှံထားသည်ကို တွေးလိုက်မိသည် ...
ဇာတ်လိုက်က ကြေးစားအုပ်စုထဲမှာ မပါဝင်ခဲ့
သောကြောင့်...လစ်ဟာနေတဲ့နေရာကို ဖြည့်စွက်
ဖို့ရန်အတွက် နတ်သူငယ်တစ်ယောက်ကို ရှာဖွေ
ခဲ့သည်...ထိုမှသာ ကြေးစားအုပ်စုက "Mixed
Blood "ထဲကလို အဖွဲ့ဝင်ငါးယောက်ရှိမှာ
ဖြစ်သည် ။