Ep 36(Zawgyi & Unicode)
9K 1.2K 91
Chapter 20.1 – Reader/Protagonist: Don’t make a fuss
တုကျဲ့ ခေါင်းစဉ်ကိုပြတ်ပြတ်သားသားလွှဲလိုက်
သည်။"အရူးမထစမ်းနဲ့...ဒါစာကြောင်းပေကြောင်း
ဆွေးနွေးရမယ့်အချိန် "ဆိုတဲ့ မျက်နှာပေးနဲ့ တည်ငြိမ်
ချင်ယောင်ဆောင်ပြီး ပတ်ဝန်းကျင်ကိုကြည့်လိုက်
သည်။သူမေးလိုက်သည် "ဒီနေရာက ဘယ်နေရာ
လဲ?"
အမှန်ကတော့ သူတို့ရဲ့ "နှစ်ဦးသဘောတူ ဆောင်
ရွက်မှု "ပြီးသွားချိန်...တောင်ပုံရာပုံဖြစ်နေတဲ့အရိုး
တွေကို တုကျဲ့ မြင်ပြီးကတည်းက.. ပင်မကုန်းမြေရဲ့
အခြားတစ်ဖက် မသေမျိုးအရိုးပင်လယ်ကို ရောက်
နေတာမှန်း သူသိသည်။
"Mixed Blood"ကမ္ဘာရဲ့ ပျက်သုန်းနယ်မြေက
ဤကဲ့သို့ဖြစ်သည် ။အလယ်တည့်တည့်မှာ ပျောက်ဆုံး
နယ်မြေဖြစ်ပြီး...မြောက်ဘက်အစွန်းပိုင်းက အရမ်း
အေးစက်တဲ့နေရာဖြစ်ကာ..အရှေ့ဘက်မှာ သေစေ
နိုင်သည့်သဲကန္တာရရှိသည်။တောင်ဘက်ခြမ်းမှာ
နတ်ဆိုးသားရဲတွေရဲ့ တောအုပ်ရှိပြီး...အနောက်
ဘက်မှာတော့ အကန့်အသတ်မရှိတဲ့ပင်လယ်ရှိ
သည် ။
ကုန်းမြေရဲ့အခြားတစ်ဖက်ခြမ်းက တောင်ဘက်ပိုင်း
ကလည်း ပင်လယ်ရှိပေမယ့်....မရေမတွက်နိုင်တဲ့
သေဆုံးဝိညာဉ်တွေနဲ့ ဖွဲ့စည်းထားသောပင်လယ်
ဖြစ်သည် ။ဒါက သူတို့ရဲ့တိုက်ခိုက်စွမ်းကို အဆ
မတန်တိုးပွားစေနိုင်လို့  မသေမျိုးတို့ရဲ့နတ်ဘုံဖြစ်ပြီး
တခြားမျိုးနွယ်တွေရဲ့စွမ်းအားကတော့ ထိန်းချုပ်ခံ
ကြရသည်။မသေမျိုးဝိညာဉ်ပင်လယ်ကိုမြင်တော့ သူ့
ခေါင်းထဲမှာတန်းပေါ်လာတာက "ဝတ္ထုထဲမှာ...
ဇာတ်လိုက်က သူ့ရဲ့မသေမျိုးအသွင်နဲ့ ဒီနေရာကို
ရောက်လာခဲ့တယ် "ဆိုတာမဟုတ်ဘဲ..."ဒီနေရာက
ဇာတ်လိုက်ရဲ့မသေမျိုးပုံစံနဲ့ သူ့ရန်သူကဟိုကိစ္စ.."
ထပ်ပြီးတော့လား? ငါ့ရဲ့ ကိုယ်ကျင့်သိက္ခာလေးက
တော့ အရမ်းကိုနည်းသထက်နည်းသွားပြီ!
Doujinshi: ငါ့ကိုပဲ အပြစ်တင်လိုက်ပါ။
Doujinshi: ငါ့ကိုပဲ အပြစ်တင်လိုက်ပါ။
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.