Ep 93(Zawgyi &Unicode)
6.6K 1K 136
Chapter 48.2 - Protagonist: I wanted to do this a long time ago.
ရှို့ နှင့် တုကျဲ့ တို့ လက်နက်ပြိုင်ပွဲဖောင်တင်တဲ့
နေရာကိုသွားလိုက်ကာ...ရှို့ ဖောင်ဖြည့်လိုက်
သည် ။ချစ်စရာသခင်လေး အရဲစွန့်ပြီးတော့
လက်နက်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်တဲ့အပေါ်
...တုကျဲ့ နည်းနည်းတော့စိုးရိမ်မိသည်: လက်နက်
ပြိုင်ပွဲအပြီးမှာ မင်းသမီးကယ်လီက အောရစ်ခ်ကို
သူမအားအရှက်ခွဲခဲ့တဲ့ နတ်သူငယ်ကိုသတ်ခိုင်းခဲ့
သည် ။အောရစ်ခ်ကလည်း ရှို့ သွန်းလုပ်ခဲ့တဲ့
လက်နက်ကိုလိုချင်သောကြောင့် သဘောတူခဲ့
သည် ။ပထမဆုံး စစ်နတ်ဘုရား မကျရှုံးခဲ့ပေ ။
သေခြင်းကနေ ရှောင်လွှဲရန်အတွက် ရှို့ သူ့ရဲ့
မသေမျိုးအသွင်ကို မပြောင်းမဖြစ်ပြောင်းလဲခဲ့ရ
သည် ။ ထိုအချိန်က ရှို့ ကိုကယ်တင်ဖို့ရန်အတွက်
အယ်ရီယယ် သူမရဲ့ဝိညာဉ်ကို ဖြည့်ဆည်းပေးခဲ့
ရသည့်အချိန်ပဲဖြစ်သည် ။
ထို့ကြောင့်...သူ့ရဲ့ဖောင်ကို ရှို့ တင်ပြီးသွားချိန်မှာ...
အူကြောင်ကြား ချစ်စရာကောင်လေးက ရှို့ ကို
ရိုးတိုး ရိပ်တိပ်ပြောလာခဲ့သည်: " အရမ်းကြီး
ကောင်းအောင်မလုပ်နဲ့ "
ရှို့ နည်းနည်းအံ့သြသွားပုံပေါ်သည် ။ တုကျဲ့ ဆက်
ပြောလိုက်သည်: " ပထမနေရာ မရစေနဲ့...
ဒုတိယက ပိုကောင်းတယ် "
ဝတ္ထုထဲမှာ... ရှို့ က ဒုတိယနေရာကိုယူ၍...
အလင်းအင်ပါယာရဲ့ ရတနာတွေထဲက ပစ္စည်းတစ်
ခုကိုယူခဲ့သည် ။ဇာတ်လိုက်ရဲ့အရှိန်အဝါကြောင့်
...အဆုံးမရှိလုနီးပါး သိုလှောင်နိုင်စွမ်းရှိတဲ့
ရတနာပစ္စည်းတစ်ခုကိုရခဲ့သည် -ထိုနေရာလပ်
လေးက ချစ်စရာသခင်လေးနှင့် တကယ်ကို
သင့်တော်သည် ။
ရှို့ ရဲ့နှုတ်ခမ်းတွေ အထက်သို့အနည်းငယ်
ကော့တက်သွားတာကို တုကျဲ့ မြင်လိုက်ရသည် ။
ရှို့ သူ့လက်ကိုဆန့်လိုက်ပြီးနောက်...တုကျဲ့ ရဲ့
လည်ပင်းနောက်ဘက်လေးကို ပွတ်သပ်လိုက်
သည် ။
" ငါ သူမကိုမလိုချင်ပါဘူး "
သူ့ရဲ့စကားတွေက မရေမရာ မပြတ်မသားဖြစ်
သွားခဲ့တာကြောင့်...တခဏလောက် တုကျဲ့ 
ပြန်ပြီးတုံ့ပြန်ဖို့ရာအတွက် ကြက်သေသေသွားခဲ့
ပေမယ့်...ရှို့ ရဲ့အနည်းငယ်ကော့ညွှန့်နေတဲ့
နှုတ်ခမ်းတွေကို သူမြင်လိုက်ရချိန်မှာ...စကား
တွေ အပြင်သို့ထွက်ကျမလာခဲ့တော့ပေ ။