Ep 48(Zawgyi &Unicode)
7.6K 1.3K 131
Chapter 26.1 Reader: Soak in the hot springs, talk about life
ရေပူစမ်းထဲမှာ အဖြူရောင်ရေငွေ့တွေနဲ့ပြည့်နေခဲ့ပြီး
အနံ့ပြင်းရှတဲ့ ဆာလဖျူရစ်အက်ဆစ်အနံ့ ကလေထဲ
မှာ ပျံ့ လွင့်နေခဲ့သည် ။ဒါတုကျဲ့ အတွက် ပထမဆုံး
သော မီးတောင်ရေပူစမ်းအတွေ့အကြုံဖြစ်သည် ။
21ရာစုမှာတုန်းက...သူကအိမ်ထဲမှာပဲနေရတာကို
ကြိုက်တဲ့သူဖြစ်သည် ။ရေပူစမ်းကိုလည်း တစ်ခါမှ
မရောက်ခဲ့ဖူးပေ ။ပြောရရင်တော့ အများသုံးရေချိုး
ခန်းကိုတောင် မသွားခဲ့ဖူးသူဖြစ်သည် ။
ရှို့ ကို တုကျဲ့ လှည့်ကြည့်လိုက်တော့...တဖက်လူက
အဝတ်တွေတောင်ချွတ်နေပြီဖြစ်သည် ။ရှို့ သူ့ကုတ်
အင်္ကျီကို အောက်ကနေမပြီးခေါင်းကနေ ဆွဲချွတ်
လိုက်သည် ။သူ့ခါးနေရာမှာရှိတဲ့ကြွက်သားတွေရဲ့
လှုပ်ရှားမှုကအလွန်စွဲမက်ဖွယ်ကောင်းပြီး... လှပမှုနဲ့
သန်မာမှုကိုတစ်ပြိုင်နက်တည်း ထုတ်ဖော်ပြသနေခဲ့
သည်။ရှို့ ရဲ့သွယ်လျပြီးတောင့်တင်းတဲ့ ခန္တာကိုယ်ကို
တုကျဲ့ ငေးကြည့်နေမိသည်..ထိုထဲမှာ..ကြွက်သား
အဖုအထစ်တွေပါပါတယ်ဆိုတာကိုတော့ ထည့်ပြော
နေစရာမလိုတော့ဘူးဖြစ်သည် ။ရှပ်အင်္ကျီကို
ကြယ်သီးဖြုတ်နေရင်း တန်းလန်းလက်တွေကို
တုကျဲ့ ရပ်လိုက်မိသည် ။ဒီ "ပြုတ်ထားတဲ့ကြက် "လို
လူမှာလည်း ဂုဏ်သိက္ခာရှိပါသေးသည် ။
ရှို့ သူ့အင်္ကျီကိုချွတ်ပြီးချိန်မှာ...တုကျဲ့ က ရေပူစမ်းထဲ
မှာထိုင်နှင့်နေတာကို အံသြဖွယ်တွေ့လိုက်ရသည်။
ကြည့်ရတာချစ်စရာအရူးreaderလေးရဲ့ အင်္ကျီ
ချွတ်နှုန်းကအလင်းထက်တောင် မြန်တဲ့ပုံပေါ်သည် ။
ရေပူစမ်းထဲက တုကျဲ့ ပုံစံမှာ ရှို့ မမျှော်လင့်ဘဲ
ဆွဲဆောင်ခံလိုက်ရသည် ။အနက်ရောင်ဆံပင်နဲ့
ကောင်လေးက သူအမြဲဝတ်ထားခဲ့တဲ့ မျက်မှန်နဲ့
နားကြပ်တွေကို ချွတ်ထားခဲ့သည် ။အကျိုးဆက်
အနေနဲ့ ရေငွေ့တွေထဲမှာ သူ မျက်လုံးကိုမှေးပြီး
ကြည့်နေရတော့သည် ။ထိုမျက်ဝန်းနက်တစ်စုံထဲမှာ
လှုပ်ရှားနေတဲ့ရေအရိပ်တွေ ထင်ဟပ်နေခဲ့သည် ။
တချို့အပူငွေ့တွေက ရေအဖြစ်ငွေ့ရည်ဖွဲ့သွားကြ
သည်။ရေစက်တွေက တုကျဲ့ လည်ပင်းကနေ
တစ်ဆင့် သူ့ရဲ့ညှပ်ရိုးတစ်လျှောက် ကျဆင်းနေခဲ့
သည် ။ထိုနေရာကအရေပြားက နေရောင်ထိတွေ့မှု
ကိုသိပ်ပြီးမခံရသောကြောင့် အရမ်းကိုဖြူဖွေး
ဝင်းမွတ်နေခဲ့သည် ။ထိုအရေပြားလေးရဲ့နွေးထွေးမှု
ကို ရှို့ သိသည် ။လွန်ခဲ့တဲ့ရက်အနည်းငယ်လောက်
လေးတင်ကမှ သူတို့နှစ်ယောက်ရဲ့ အသားချင်း
ဘယ်လိုထိကပ်နေခဲ့လဲဆိုတာကို ပြန်တွေးမိတော့
ရှို့ ရဲ့မျက်လုံးအရောင်တွေ နက်သွားခဲ့သည် ။ ရှို့ 
သူ့မျက်လုံးတွေကို ကျဉ်းမြောင်းလိုက်သည် ။