Ep 46(Zawgyi & Unicode)
7.1K 1.1K 39
Chapter 25.1 – Author: That is the proper use of storage rings
"အဟွတ်..အဟွတ်..အဟွတ်..."
မီးခိုးငွေ့တွေကြားမှာ ဗိုင်အိုလက်ချောင်းတွေဆိုးနေ
ရင်းမှ မြေပြင်ပေါ်ကနေထဖို့ကြိုးစားလိုက်သည် ။
ဒါပေမယ့် သူမနောက်ကျောကနေ စူးအောင့်သွား
တာကို ခံစားလိုက်ရသည် ။သူမမြင်ကွင်းထဲက
အရာအားလုံး အနီရောင်သို့ပြောင်းမသွားခင်မှာ
မြေပြင်ပေါ်ကိုလဲကျသွားခဲ့သည်။အဲအချိန်လေး
အတွင်းမှာ...ထိုပေါက်ကွဲမှုကသူမအနားက အရာ
အားလုံးကို ဖျက်ဆီးမပစ်သေးခင် သူမကိုသူမ
ကာကွယ်ဖို့ရန်အတွက် စစ်အကာအကွယ်ဒိုင်းလေး
ကိုပဲဖန်တီးနိုင်တော့သည် ။
ငြိမ်သက်မှုသာ ကျန်ရှိနေခဲ့သည် ။မီးခိုးတွေထဲမှာ
သူမအဖော်တွေကို ဗိုင်အိုလက်မမြင်ရပေ ။
ခဏလောက်နားနေပြီးသည့်နောက်...နတ်ဆိုးမလေး
ထရပ်လိုက်ပြီး ညှင်သာစွာနဲ့ခေါ်လိုက်သည် "အရှင်
ရှို့ ....လူကြီးမင်း တုကျဲ့ ?"
တုံ့ပြန်မှုမရှိပေ ။
သူတို့ကိုနောက်ဆုံးတွေ့လိုက်တဲ့နေရာကို သူမမှတ်မိ
သည်...ဒါကြောင့် ရှို့ နားနေတဲ့နေရာကို သူမအရင်
ဆုံးသွားလိုက်သည် ။သူ့ကိုရှာမတွေ့ပေ ။ပေါက်ကွဲမှု
ရဲ့အလယ်ဗဟိုကို ဗိုင်အိုလက် သွားလိုက်သည် ။
အဲဒီမှာ ဖက်လျက်သားလေးရှိနေတဲ့ သူတို့နှစ်
ယောက်ကို တွေ့လိုက်ရသည် ။ရှို့ က ဗိုင်အိုလက်
ကိုကျောပေးထားပြီး တခြားသူကို သူ့ရင်ခွင်ထဲမှာ
ထွေးပွေ့ထားခဲ့သည် ။လစ်ခ်ျ့ ရဲ့ခန္တာကိုယ်က
ပြင်းပြင်းထန်ထန်ထိခိုက် ပျက်စီးနေပေမယ့်လည်း 
သူ့ရဲ့သေခြင်းအငွေ့အသက်တွေ နဲ့အတူ
သူ့ရဲ့ပြန်လည်ကောင်းမွန်နိုင်စွမ်းကို အတိုင်းသား
တွေ့နေရသည် ။
သွေးနံ့တွေက ပိုပိုပြီးပြင်းလာခဲ့သည် ။ရှို့ ဘေးကို
ဗိုင်အိုလက်သွားလိုက်ကာ...လစ်ခ်ျ့ ရဲ့လက်မောင်း
တွေထဲက အနက်ရောင်ဆံပင်နဲ့ကောင်လေးကို
မြင်လိုက်ရချိန်မှာ ရှော့ရသွားခဲ့သည်။ဘယ်လိုပဲ
ကြည့်ကြည့်...ထိုလူကထင်ထင်ရှားရှားကြီးကို
သေနေပြီဖြစ်သည် ။လစ်ခ်ျ့ က သူ့ခန္တာကိုယ်နဲ့
တုကျဲ့ ကိုကာကွယ်ပေးခဲ့ပေမယ့်လည်း...သူတို့က
မီးလျှံသခင်ရဲ့ပေါက်ကွဲမှုနဲ့ အရမ်းကိုနီးကပ်နေခဲ့ကြ
တာဖြစ်သည် ။ချွန်ထက်နေတဲ့ကျောက်တုံးအစအန
တွေက တုကျဲ့ ရင်ဘတ်မှာစိုက်ဝင်နေပြီး...သွေး
တွေကို တလဟောထွက်နေစေခဲ့သည် ။