Ep 129 & 130(Zawgyi & Unicode)
5.7K 813 175
Chapter 67.1 - နတ်ဘုရားမျှော်စင် :
နတ်ဆိုးနတ်ဘုရား စစ်တလင်း
မျှော်စင်ထဲသို့ သူတို့တွေဝင်ရောက်လိုက်သည့်
တခဏမှာ ... တုကျဲ့ သူ့မျက်လုံးတွကို အလိုလို
မှိတ်လိုက်မိသည်။ သူ ပြန်ဖွင့်လိုက်ချိန်မှာတော့
... သူနှင့်ရှို့ က လုံးဝကို အစိမ်းသက်သက်ဖြစ်နေ
သည့် နေရာတစ်ခုမှာရောက်နေခဲ့သည် ။
‌သူတို့တွေ ဘောလုံးကွင်းတစ်ဝက်လောက်ရှိ
သည့် အခန်းကျယ်ကြီးထဲမှာ ရောက်နေကြသည်။
ကျောက်တုံးစင်မြင့်အချို့ က ဟောခန်းပတ်ပတ်
လည်မှာ ရှိနေခဲ့သည် ။နာရီလက်တံ12 ‌လောက်
အရပ်မှာတော့ အလင်းနှင့်ဖန်တီးထားသည့်
တံခါးကြီးရှိကာ ... အရမ်းကို တောက်ပလွန်း
‌သောကြောင့် တံခါးရဲ့ တစ်ဖက်မှာ
ဘာရှိနေသလဲဆိုတာ မည်သူမျှမမြင်ကြရပေ ။
ထိုတံခါးက မြင်‌နိုင်သည့်တစ်ခုတည်းသော
ဝင်ပေါက်ဖြစ်တာမို့ ထိုဟာက မျှော်စင်၏ ပထမ
အဆင့် ဝင်ပေါက်ပဲဖြစ်ရမည် ။ဟောခန်းထဲမှာ
လူတွေအပြည့်ပင် ။ တုကျဲ့ လှည့်ပတ်
ကြည့်ကာ နောက်ထပ်လူတွအများကြီး အထဲသို့
ဝင်လာဖို့မဖြစ်နိုင်တော့လောက်ဟု တွေးမိသည် ။
သို့သော် မိုးကြိုးတပ်ဝင်ရောက်လာပြီးတာတောင်မှ
ပဲ ဟောခန်းကအရင်အ‌ခြေအနေအတိုင်းပင် ..
နောက်ထပ်လူတစ်ယောက်တောင် ထပ်ဝင်လာဖို့
မဖြစ်နိုင်‌တော့သလိုမျိုးပဲ ရှိနေခဲ့သည် ။
တုကျဲ့ ခေါင်းရှုပ်သွားမိသည် .. လုတွေအများကြီး
ထပ်ထပ်ပြီးတော့ဝင်လာတာ အရှင်းသားကြီးကို
ဘယ်လောက်ပဲလူကျပ်နေတယ်ဟု ထင်ရပါစေ
အထဲမှာရှိတဲ့လူတွေရဲ့ ကိုယ်တွေ တစ်ယောက်နှင့်
တစ်ယောက် ဘယ်တုန်းကမှ မထိခဲ့ပေ ။
ရှို့ က သူ့ကိုပွေ့ ဖက်ထားခဲ့ပေမယ့် .. အခု သူ
ဘယ်ပျောက်သွားမှန်းမသိပေ ။ရှို့ ကို တုကျဲ့ 
ကြည့်လိုက်ကာ ... သူဘယ်တုန်းကမှ ရှို့ကို
တမင်တကာ လက်မလွှတ်ခဲ့မှန်းသိလိုက်ရသည် ။
တုကျဲ့ ကို ထိတွေ့ချင်သည့်အလား သူ့လက်ကို
ဆန့်တန့်းလိုက်ပေမယ့် မထိနိုင်ခဲ့ပေ ။သူ့လက်နှင့်
တုကျဲ့ ရဲ့ ကိုယ်က အကောင်အထည် မရှိလုနီးပါး
ဖြစ်ကာ ထိလို့မရတာမျိုးမဟုတ်ပေ ။ထိုအစား
သူတို့နှစ်ဦးက တစ်ယောက်နှင့်တစ်ယောက်
အလွန်နီးကပ်နေခဲ့ပေမယ့် သူတို့ကြားက နေရာလပ်
လေးက အဆုံးမရှိကာ ဖြတ်ကျော်၍မရနိုင်သလိုပင် ။