Ep 65(Zawgyi & Unicode)
6.5K 1.1K 65
Part 2 Special Episode: Four Years
လူပုလေးရဲ့ မှတ်တမ်းထဲမှာ: ______က
အချိန်ရဲ့ဘီးလုံးကို လူပုမျိုးနွယ်ဆီပေးခဲ့သည် ။
လူပုလေးရဲ့ ဒေတာတွေအကုန်လုံးကို ရှို့ 
လှန်လှောမွှေနှောက် ရှာဖွေပေမယ့်လည်း ထို
ကွက်လပ်ထဲမှာ ရှိနေသင့်တဲ့နာမည်ကို ဘယ်တော့
မှ ရှာမတွေ့ခဲ့ပေ ။သူရှာဖွေလို့ရတဲ့ အချက်အလက်
တွေအရ...လူပုလေးတွေက အချိန်ရဲ့နိယာမ
စည်းမျဉ်းကို ကြိုးကိုင်ခြယ်လှယ်ချင်ခဲ့သည် ....
ဒါကြောင့်မို့ သူတို့တွေက အချိန်ရဲ့ ဖျောက်ဖျက်
ခြင်းကို ခံခဲ့ရသည် ဒါပေမယ့် ပစ္စည်းတွေကို
ညွှန်ပြနေတဲ့ နာမည်ကို တမင်တကာဖျက်ပစ်
တာကတော့ အဲလောက်မရိုးရှင်းပေ ။
ရှို့ ကွက်လပ်နေရာကို နားမလည်နိုင်စွာနဲ့
စိုက်ကြည့်နေမိသည် ။အဲဒီသူက ဘယ်သူလဲ
ဆိုတာကို သူသိချင်မိသည် ။အချိန်ကိုကြိုးကိုင်
ခြယ်လှယ်ချင်ခဲ့တဲ့ ယခင်က လူပုလေးတွေနဲ့
ယှဉ်လိုက်ရင်...ရှို့ ကတော့ထို အမည်မသိရတဲ့သူ
ဆီကနေ အချိန်ရဲ့ဘီးလုံးအား ထိန်းချုပ်နိုင်စွမ်းကို
လုယူချင်စိတ် ပိုပြီးဖြစ်နေခဲ့သည် ။
ထိုပစ္စည်းရဲ့ပိုင်ရှင်ကို သူမရှာတွေ့မှတော့...
ထိုပစ္စည်းကိုပဲ တိုက်ရိုက် သူလုပ်ရတော့မှာ
ဖြစ်သည် ။ဒါပေမယ့် တကယ်လို့ သူ့ရဲ့
ကြယ်ခြောက်ပွင့်အဆင့် အရည်အချင်းကို
ရရင်တောင်မှပဲ အချိန်ရဲ့ဘီးလုံးကို သူကိုင်လှုပ်နိုင်
ဦးမှာမဟုတ်ပေ ။ဧရာမဘီးလုံးကြီးက သေမျိုးတွေ
ရဲ့ အင်အားမဲ့မှုနှင့် ကိုယ့်ကိုကိုယ်စိတ်ကြီးဝင်မှုကို
ဟားတိုက်ရယ်နေသလိုမျိုး တစ်လျှောက်လုံး
ငြိမ်သက်ပြီး တောက်ပနေခဲ့သည် ။သေမျိုးတွေက
မထိန်းချုပ်နိုင်ဘူးဆိုရင်...နတ်ဘုရားဆိုရင်ရော?
ဒန်ရဲ့ စာရွက်လေးကို ရှို့ ထုတ်လိုက်ပြီး...တွေဝေ
မှုမရှိဘဲ ဆွဲဖြဲပစ်လိုက်သည် ။
သုံးရက်ကြာပြီးနောက်မှာ...အစိမ်းရောင်အဝတ်
အစားနှင့် ကုန်သည်က လူပုမြို့တော်ပျက်ထဲမှာ
ပေါ်လာခဲ့သည် ။
"ဝါး...လူကြီးမင်းကို ကျွန်တော်မျိုးရှာရခက်အောင်
တကယ်လုပ်တယ် "