Ep 107 & 108(Zawgyi & Unicode)
9.5K 1.2K 346
Chapter 56.1 Protagonist: ကိုယ့်ကို
မကြောက်ပါနဲ့ ။
အချိန်တွေကုန်လွန်လာခဲ့ကာ...ငွေရောင်နဂါး
တုကျဲ့အနားမှာ စိတ်မရှည်စွာဖြင့် လှည့်ပတ်လိုက်
သည် ။
သူ့ရဲ့ ချစ်ဇောဟုန်က နဂါးနှလုံးသားသစ်သီး
ကြောင့် ပြင်းသထက်ပြင်းပြလာခဲ့ပေမယ့်...
သူ့ရဲ့စိတ်က သူ့ကို မရပ်မနားအရှိန်ပြယ်လာ
အောင် ဖျောင်းဖျနေခဲ့သည် : ထိုသူက ကွဲပြား
သည် ။ နာကျင်မှုက သူ့ကိုသေချင်စိတ်ပေါက်
အောင် လုပ်နေခဲ့ရင်တောင်မှ... တုကျဲ့အပေါ်
မှာ သူ မဖြေဖျောက်သင့်ဘူးဆိုပြီး ။
တုကျဲ့က ကြမ်းပြင်ပေါ်မှာခွေခွေလေး လဲနေခဲ့
သည် ။သူ့ရဲ့ စိတ်မချမ်းမြေ့စရာ အတွေ့အကြုံ၏
လက္ခဏာတွေအကုန်လုံး ပျောက်ကွယ်သွားခဲ့
သည် ။
တုကျဲ့ရဲ့ချောမွတ်နေသည့် အသားအရေလေးကို
ငွေရောင်နဂါး စိုက်ကြည့်ရင်း အသက်ရှုသံတွေ
ပြင်းလာခဲ့ကာ သူ့ကိုယ်သူမထိန်းနိုင်တော့ဘဲ
တုကျဲ့ကို နောက်တစ်ကြိမ်ထပ်လျက်လိုက်မိ
သည် ။သူလျက်ပြီးသွားပြီးနောက်မှာ တုကျဲ့
မျက်လုံးတွေပွင့်လာခဲ့သည် ။ ဆံပင်အနက်ရောင်
နှင့် ကောင်လေးရဲ့မျက်ဝန်းတွေက မသိနားမ
လည်သည့်ကလေးလေးလို အနည်းငယ်မှင်တက်
နေခဲ့သည် ...ဒါပေမယ့် လူနှစ်ယောက်မျက်လုံး
ချင်းဆုံသွားခိုက်မှာ ... တုကျဲ့ စတင်ကာတုန်ရီ
လာပြီးတော့ လူငယ်လေးရဲ့ ပုံမှန်မထုံတက်သေး
မျက်နှာပေါ်မှာ ကြောက်ရွံ့ထိတ်လန့်မှုတွေ ဖြတ်
ပြေးသွားတာကို ရှို့တွေ့လိုက်ရသည် ။
သူ... ကြောက်နေတာလား ?
သူ့ရဲ့အမြီးဖျားလေးနှင့် တုကျဲ့ခါးကို ငွေရောင်
နဂါး ရစ်ပတ်လိုက်ပေမယ့် ... ထိုအပြုအမူက
တုကျဲ့ကို ယခင်ထက်ပင်ပို၍ တုန်ရီသွားစေခဲ့
သည် ။ရှို့ရဲ့မျက်လုံးတွေ အခုထိနီရဲနေဆဲဖြစ်ကာ
မိတ်လိုက်ချင်၍ မွှန်ထူနေဆဲဖြစ်ကြောင်း မြင်
လိုက်ရချိန်မှာ တုကျဲ့ သေမတတ်ကြောက်လန့်
သွားမိသည်။မနေ့က ငရဲကိုဖြတ်လျှောက်ခဲ့ရသ
လိုပင် ... ချစ်စရာသခင်လေးကြောင့် သူသေချာ
ပေါက်သေပြီဆိုတာ သံသဃတောင်မဖြစ်ခဲ့ပေ။
သူ့ခန္ဓာကိုယ် ဆွဲဖြဲခံလိုက်ရသလိုနာကျင်မှုကို
ပြန်တွေးမိပြီး သူတုန်ရီလာမိသည် ... သူ့ခါးကို
အမြီးဖြင့် ငွေရောင်နဂါးရစ်ပတ်လာချိန်မှာ ...
တုကျဲ့ အသက်ရှုတောင်ရပ်သွားခဲ့ရသည် ။