Ep 123 & 124(Zawgyi & Unicode)
6.9K 899 291
Chapter 64.1 - Reader: နည်းပြ ...
သူ့ရဲ့ တန်ဆာပလာက ကျွန်တော်နဲ့မတူဘူးဗျ !
" ဒေါက် ... ဒေါက် "
တံခါးခေါက်သံက တုကျဲ့ ကို နိုးကြားလာစေခဲ့
သည် ။
သူတံခါးဖွင့်လိုက်တော့ အစားအစာဗန်းလေးကို
သယ်ထားတဲ့ နီနာကို တွေ့ လိုက်ရသည် ။
" ထမင်းစားချိန်ရောက်ပြီ"
နီနာ ဝင်လာလိုက်ကာ စားပွဲပေါ် အစားအစာ
တွေတင်လိုက်သည် ။ သတိမေ့မြောနေဆဲဖြစ်
သော အိပ်ရာထက်မှာ လဲလျောင်းနေသည့် ရှို့ ကို
သူမ ကြည့်လိုက်ပြီးနောက် သတိထားကာမေး
လိုက်သည် " သူ အခုထိမေ့နေတုန်းပဲလား ?"
တုကျဲ့ ခေါင်းငြိမ့်ပြလိုက်ကာ စားပွဲပေါ်ထိုင်ပြီး
စစား‌သောက်လိုက်သည် ။တုကျဲ့ နဲ့ မျက်နှာချင်း
ဆိုင်မှာ နီနာ ထိုင်နေခဲ့ကာ..သူမရဲ့ အမြီးကြီးက
‌ခေါက်တုံ့ခေါက်ပြန် ယမ်း‌နေခဲ့သည် ...သူမ
ကြည့်ရတာ ရင်တမမဖြစ်နေပုံပင် ။
ထိုလူရဲ့ တည်ရှိနေမှုက အရမ်းကိုလွှမ်းမိုးနိုင်လှ
သည် ။ အန္တရာယ်မပြုနိုင်သော မေ့မျောနေသည့်
အ‌ခြေအနေ‌မှာတောင်မှ ... သူ့ရဲ့ အရောင်အဝါက
အခန်းထဲက လေထုတိုင်းမှာ ပြည့်နှက်နေသလိုပင် ။
သို့သော်ငြားလည်း နီနာ မနေနိုင်ဘဲ တုကျဲ့ ကို
ကြည့်မိသည်။သူ့ကိုမြင်ရတာက သူမကို စိတ်
သက်သာရာရစေသည် ။ ဆံပင်အနက်ရောင်နှင့်
လူငယ်လေး၏ တည်ငြိမ်သည့်မျက်နှာကို သူမ
ကြည့်နေရသရွေ့ ...သူမရဲ့ နတ်ဘုရား‌တွေနှင့်
လူတွေအားဆုံးရှုံးလိုက်ရသည့် နာကျင်မှုတချို့ ကို
သူမ မေ့ပစ်လို့ ရသည် ။
သူ့ကိုငေးကြည့်နေတာမှန်း တုကျဲ့ သတိထားမိသွား
မှာစိုး၍ ... နီနာ မြန်မြန် အဝေးသို့အကြည့်လွှဲကာ
‌အကြောင်းအရာကို ပြောင်းလိုက်သည် : "တုကျဲ့ 
... ရှင် နောက်ထပ်ဘာဆက်လုပ်မှာလဲ ?"
တုကျဲ့ စားတာရပ်လိုက်ပြီးနောက် လှည့်ကာ အဝေး
က နတ်ဘုရားမျှော်စင်ကို ညွှန်ပြလိုက်သည် ။
" နတ်ဘုရားမျှော်စင်ကို သွားမှာလား ..." နီနာ့ 
အမြှီးလေး စင်းကျသွားခဲ့သည် ။ဒီ ရုတ်တရက်
ဖြစ်ပွားခဲ့သည့် ကပ်ဘေးအပြီးမှာ ...မျိုးနွယ်စုက
အချိန်အတော်ကြာအောင် အနားယူရဦးမှာဖြစ်
သည် ။သူတို့‌တွေရဲ့ နတ်ဆရာမ ဖြစ်သည့်
အလျောက် ... သူမမျိုးနွယ်စုကနေ ‌အဝေးသို့
သွားလို့မရပေ ။ နောက်တစ်မျိုးပြောင်း‌ပြောရရင်
‌တော့ ... သူတို့တွေ မကြာခင်မှာ ခွဲခွာကြရတော့
ဖြစ်သည် ။ ‌အေးဆေးစွာစားသောက်နေသည့်
တုကျဲ့ ကိုတစ်လှည့် သတိမေ့နေသည့် ရှို့ ကို
တစ်လှည့် နီနာ ကြည့်လိုက်သည် - ဒါ သူမရဲ့ 
တစ်ခုတည်းသော အခွင့်အရေးပဲ ။ထိုသူနိုးလာတာ
နဲ့ တုကျဲ့ အနားကို သူမ လုံးဝမကပ်ရဲတော့ပေ ။
နီနအသက်ဝဝရှုလိုက်ကာ နောက်ဆုံးမှာ သူမ
စိတ်ကို ပိုင်းဖြတ်လိုက်သည် ။