Ch 7( Zawgi &Unicode)
14.3K 1.8K 52
Chapter 4.1 - Reader: meow ~
သူအိမ်မှာအေးအေးဆေးဆေးလုံခြုံနေတုန်းက...
ဒီအရှုံးသမားလေးက တစ်ခါတစ်ခါ...
လောကကြီးကို ကယ်တင်ဖို့ =အခွင့်အရေး =
အိပ်မက် =ပိုင်ဖုမိန်အုပ်စု (ဖြူဖွေး ၊ချမ်းသာပြီး
လှပတဲ့)မိန်းကလေးတွေက သူ့ကိုစောင့်ကြိုနေကြ
မယ် =ကောင်ဖုရွိန်အုပ်စု (အရပ်ရှည်၊ ချမ်းသာပြီး
ချောမောတဲ့) ယောကျာ်းလေးတွေက အရမ်း..
ရင်းနှီးတဲ့သူငယ်ချင်းတွေဖြစ်လာကြမယ်လို့
စိတ်ကူးယဉ်ခဲ့သည်။
(Hey,ဆန်းကြယ်တဲ့အရာတွေ ဖြစ်လာခဲ့ပြီ ။)
ဒါပေမယ့် ခုချိန်မှာတုကျဲ့ အတွက်ကတော့...
ကမ္ဘာကူးသွားခဲ့တာ ဝမ်းနည်းဖွယ်ဖြစ်သည်။
ကောင်းကင်ပေါ်မှာချိတ်ဆွဲထားတဲ့ လနှစ်စင်းကို
ကြည့်ပြီး...တုကျဲ့  ဒီနေရာကသူ့ကမ္ဘာမဟုတ်တော့
ဘူးဆိုတာ တစ်ရာရာခိုင်နှုန်းသေချာသွားခဲ့သည်။
Parallel worldထဲက modernခေတ်ကို
ရောက်သွားခဲ့ရင်တောင် အဆင်ပြေသေးသည်။
ကွန်ပျုတာသိပ္ပံကျောင်းသားတစ်ယောက် အနေနဲ့
သူအသက်ဆက်ရှင်နိုင်ဖို့ အခွင့်အရေးရှိနိုင်သည်။
အရမ်းကိုခေတ်ရှေ့ပြေးလွန်းတဲ့ စိတ်ကူးယဉ်သိပ္ပံ
ကမ္ဘာထဲကို ရောက်သွားရင်လည်းတော်သေးသည်။
ဒါပေမဲ့ ရှေးခေတ်ကိုရောက်သွားခဲ့ရင်တော့...
ရှေးခေတ်ရဲ့နည်းပညာတွေကိုပဲ သူအားထားရ
တော့မည်။ရှေးခေတ်မှာ ကွန်ပျူတာတွေမရှိ၍...
တုကျဲ့ ရဲ့ programming skill...
အသုံးမဝင်ဘူးဆိုတာ ပြောနေစရာကို...
မလိုတော့ဘူးဖြစ်သည်။သူကွန်ပျုတာကို
တီထွင်ချင်ရင်တောင်...လူတစ်ယောက်ထဲနဲ့
ကတော့ လုံးဝမဖြစ်နိုင်ပေ။
အဲဒါအပြင် သူ့မှာအလွန်ပြင်းထန်တဲ့
အဝေးမှုန်ရောဂါရှိသည် ။ သူ့မျက်မှန်မရှိတော့
တာနဲ့ သူသေမှာပင်။
နောက်တစ်ချက်ကတုကျဲ့  သူ့နားကိုညှင်သာစွာ
ကိုင်လိုက်သည်...သူ့မှာ ခေတ်ဆန်တဲ့ဒီဇိုင်းနဲ့..
အမြင်ကိုဖမ်းစားနိုင်တဲ့ အပြာရင့်ရောင်နားကြပ်
တစ်စုံရှိသေးသည်။ အဲတာသူ့ရဲ့....
နားကြားကိရိယာပင်။
တစ်ယောက်ယောက်လောက် သူ့ကို
ဖြေပေးနိုင်မလား...နားလေးပြီး အဝေးမှုန်တဲ့
သူ့လိုအရပ်ပုပုကောင်လေးတစ်ယောက်က..
ဘယ်လိုလုပ်ပြီး ရှေးခေတ်မှာ...
အသက်ဆက်ရှင်နိုင်မလဲ ဆိုတာကိုပေါ့ ။