Ch 17(Zawgyi & Unicode)
10.9K 1.5K 33
Chapter 9 – Author: Three years flew by.
Novelထဲက အဖြစ်အပျက်တွေနဲ့ပတ်သတ်တဲ့...
Spoilersတွေကို တုကျဲ့ ပြင်ဆင်လိုက်သည်။
လူးဝစ်ရဲ့မှော်ကျမ်းစာအုပ်ထဲမှာ...လူးဝစ်က
လူပုလေးတစ်ယောက်ကို အောက်လမ်းပညာနဲ့
ပြန်အသက်သွင်းဖို့ လုပ်ခဲ့တယ်ဆိုတဲ့...အရေးကြီးတဲ့
အချက်ကို ဖော်ပြထားတာရှိသည်။
စမ်းသပ်မှုက အောင်မြင်ခဲ့သည်။ဒါပေမဲ့ လူပုလေးက
အကောင်းတိုင်းတော့ ပြန်ဖြစ်မလာခဲ့ပေ။သူ့မှာ
မသေမျိုးတွေရဲ့ အကျင့်စရိုက်လက္ခဏာ
ရှိပေမယ့်လည်း တက်ကြွမှုအနည်းငယ်လည်း
ရှိပြန်သည် ။သူက လူပုလေးတစ်ဝက်...မသေမျိုး
တစ်ဝက်ဖြစ်လာခဲ့သည်။
"Mixed Blood"ကို ဖတ်ထားခဲ့သောကြောင့်
အဲဒီ "လူပုတစ်ဝက် မသေမျိုးတစ်ဝက် "က
ဇာတ်လိုက်ရဲ့ အဘိုးဆိုတာကို တုကျဲ့ သိသည်။
သူဒီအချက်အလက်ကို ဇာတ်လိုက်ဆီကြော့ရှင်းပြီး
မောက်မာတဲ့ပုံစံနဲ့ : မင်းဒီထက်ပိုသိချင်ရင် ဆက်ပြီး
မနှိပ်စက်တော့နဲ့ "ဟုပြောပြီး ပေးလိုက်မယ်။
သူ့ရဲ့ ပျော်စရာနေ့ရက်တွေ စတင်တော့မှာပါ။
ရှို့ က နတ်ဘုရားရုပ်တုရဲ့အောက်ခံပြားပေါ်မှာ
ထိုင်နေခဲ့သည်။သူမှော်ကျမ်းစာအုပ်ကို ချလိုက်ပြီး...
တုကျဲ့ ကိုမှိန်ပြီး နက်မှောင်နေတဲ့မျက်ဝန်းတွေနဲ့
ကြည့်လိုက်သည်။ဒါတုကျဲ့ သူသဘောနဲ့သူ သူ့ဆီ
ပထမဆုံးအကြိမ် လာခဲ့ခြင်းဖြစ်သည်။
တုကျဲ့ သူ့နားကြပ်တွေကိုဖိလိုက်ပြီး အထစ်ထစ်
အငေါ့ငေါ့နဲ့ စကားစပြောလိုက်သည် ။
"အမှန်တကယ်တော့......."....မင်းရဲ့ဘဝ
အကြောင်းက မှော်ကျမ်းသာအုပ်ထဲမှာပါတယ် ။
တုကျဲ့ သူ့ပါးစပ်ကိုဖွင့်လိုက်ပေမယ့်. .အသံထွက်လို့
မရပေ ။သူဘယ်လောက်ပဲအသည်းအသန်ကြိုးစားပြီး
ပြောဖို့လုပ်ပေမယ့်လည်း စကားလုံးတွေက
ထွက်မလာခဲ့ပေ ။မမြင်ရတဲ့လက်တစ်စုံက သူ့
လည်ပင်းကို ဖမ်းဆုပ်ထားသလို ဖြစ်နေခဲ့သည်။
“-” လူပုတစ်ဝက် မသေမျိုးတစ်ဝက်က မင်းနဲ့
ပတ်သတ်နေတာ ။
မဖြစ်နိုင်ဘူး ။သူပြောလို့်မရဘူး ။ကြည့်ရတာအမှန်
ကိုပြောပြခြင်းကို တစ်စုံတစ်ယောက် တစ်စုံတစ်ရာ
က တားမြစ်ထားပုံရသည်။အဲတာ authorလား...
နတ်ဘုရားလား ဒါမှမဟုတ် ဒီကမ္ဘာကိုယ်တိုင်
ကလား?