Ch 21(Zawgyi & Unicode)
10.1K 1.4K 55
Chapter 11.2 – ???: You’ll never find him!
အခုချိန်မှာတော့ authorရဲ့အိမ်တံခါးရှေ့မှာ
သူ့ကိုယ်သူတွဲလောင်းကြီး ချိတ်ဆွဲထားမယ်ဆိုတဲ့
အတွေးကို တုကျဲ့ စိတ်ထဲမှာပဲပြန်သိမ်းထားလိုက်
ရသည် ။သူသိထားတဲ့ အချက်အလက်တွေကို
ပြန်စိစစ်ပြီး ဇာတ်လိုက်ကို နတ်ဘုရားမဖြစ်အောင်
တားဆီးပြီး..ကမ္ဘာကိုဖျက်စီးတာကို ရပ်တန့်ရမယ့်
နည်းလမ်းကိုရှာရမည် ။
သူကြားခဲ့ရတဲ့စကားတွေအရတော့ ဇာတ်လိုက်က
သူတန်ဖိုးထားရတဲ့သူပျောက်သွားခဲ့ကာ..သူ့ ကို
ှရူးသွပ်မှုအမြင့်ဆုံးအဆင့်ထိ ရောက်သွားစေခဲ့သည်။
ဇာတ်လိုက်မင်းသမီး ဗီဗီအန်းကို တခြားသူတွေ
ဖမ်းခေါ်သွားပြီး ဝှက်ထားခံလိုက်ရတာများလား ?
ရီရယ်ကျီချို့ ရေးပုံအရဆို...အဲလိုဖြစ်ဖို့လုံးဝ
သေချာသည် ။
ဒါဆို ဒီညီမလေးအသတ်ခံရမှာလား?
တုကျဲ့ ...သူ့ရဲ့ အနာဂတ်အစီအစဉ်ကို
ချက်ချင်းဆုံးဖြတ်လိုက်သည် ။သူတော်စင်မလေး
ဗီဗီအန်းကိုမကောင်းတဲ့သူတွေရဲ့  အန္တရယ်အပြုခံ
ရခြင်းကနေ ရပ်တန့်ပေးဖို့အတွက် ငါကာကွယ်ရမယ့်
သူများအသင်းထဲမှာ လိုအပ်လာရင်ထည့်ရမယ် ။
တုကျဲ့ အရမ်းကိုနက်နက်နဲနဲစဉ်းစားနေမိ၍...
ရှို့ မျက်နှာအမူအရာထူးဆန်းနေတာကို သူသတိမ
ထားမိပေ ။အချိန်စင်္ကြကနေ ရှို့ ထွက်လာပြီးကတည်းက...ဖြူဖတ်နေတဲ့မသေမျိုးရဲ့ အသားအရေမှာ
ပိုပြီးတော့တောင့် သွေးဆုတ်လာခဲ့သည် ။
သူ့ဘေးနာမှာတိတ်ဆိတ်စွာနဲ့ ထိုင်နေခဲ့တဲ့တုကျဲ့ ကို
ရှို့ ကြည့်ပြီးမေးလိုက်သည်.. "သွေးနှောလူတွေ
အကြောင်းကို မင်းသိလား? "
တုကျဲ့ အမှတ်တမဲ့နဲ့ ရှို့ ကိုကြည့်လိုက်မိသည် ။
"Mixed Blood"ရဲ့ ဇာတ်လမ်းကို..သူပြန်ပြီး
စဉ်းစားလိုက်သည် ။ပင်မကုန်းမြေပေါ်မှာ သွေးနှော
လူတွေက...လူတွေရဲ့ မနှစ်သက်ခြင်းကို တော်တော်
ခံကြရသည်။
ဥပမာအနေနဲ့ပြောရရင်... နတ်သူငယ်နဲ့လူသွေး
ရောထားတဲ့သူတွေကို နတ်သူငယ်တွေကအထင်
သေးရုံသာမကပဲ လူတွေကပါ ငြင်းပယ်ကြသည်...
ဘာလို့ဆို "သူတို့ကငါတို့မျိုးနွယ်ကမဟုတ်ဘူး..
သူတို့စိတ်ကလည်း ကွာခြားမှာပဲ "ဆိုပြီးတော့
ဖြစ်သည် ။