Ep 59( Zawgyi & Unicode)
7.5K 1.1K 87
Chapter 31.2 – Protagonist: Hold me then sit on it.
ရုတ်တရက် တိုက်ခိုက်သံတွေကို သူတို့ကြားလိုက်
ရသည် ။တိုက်ပွဲရဲ့လေတွေက မြုခိုးတွေကို
အဝေးသို့ လွင့်စင်သွားစေပြီးနောက်မှာ သူတို့တွေ
သူတို့မြင်တွေ့ခဲ့တာတွေထက် နှစ်ဆပိုကြီးသည့်
စက်ရုပ်ကြီးကိုတွေ့လိုက်ရသည် ။ သူ့ရဲ့ရင်ဘတ်
ပေါ်မှာ ကြယ်နှစ်ပွင့်ရှိနေခဲ့သည် ။ကြယ်နှစ်ပွင့်
စက်ရုပ်က ရှုံးနိမ့်နေပုံပေါ်တဲ့ နတ်ဆိုးအုပ်စုတစ်စု
နဲ့ တိုက်ခိုက်နေခဲ့သည် ။နတ်ဆိုးတွေ ထိတ်ထိတ်
ပျာပျာဖြစ်နေကြပြီး...သူတို့တွေအကုန်လုံးမှာ
မတူညီကွဲပြားတဲ့ ဒဏ်ရာတွေရှိနေခဲ့သည် ။
ရှို့ အခြေအနေကိုခဏလောက် တွေးတောပြီး
နောက်မှာ တုကျဲ့ ကို သူ့ကိုစောင့်နေဖို့ရန်
အမိန့်ပေးလိုက်သည် ။သူ ချန်ပြန်ကိုထုတ်ယူ
လိုက်ပြီး...ဆန္ဒတောက်လောင်နေတဲ့ နတ်ဆိုးဓား
အဖြစ်ပြောင်းကာ တိုက်ပွဲထဲသို့ဝင်ရောက်လိုက်
သည် ။ရှို့ ရဲ့အကူအညီဖြင့် စက်ရုပ်ကြီးကို
နတ်ဆိုးအုပ်စု နှိမ်နင်းနိုင်ခဲ့သည် ။
နတ်ဆိုးတွေထဲကမှ ဒဏ်ရာအနည်းငယ်လောက်
သာရထားတဲ့ နတ်ဆိုးက ရှို့ ကို ကျေးဇူးတင်လာ
ခဲ့သည်.. " ကျုပ်တို့က အာဂါရက်စ်မြို့က
အစောင့်တွေပါ...ကူညီပေးတဲ့အတွက် ကျေးဇူး
တင်ပါတယ် "
" ဘာတွေဖြစ်နေတာလဲ? " လဲကျနေတဲ့စက်ရုပ်
ကို ရှို့ တစ်ချက်ကြည့်လိုက်ကာ " ဘာလို့ စက်ရုပ်
တွေအများကြီးရှိနေရတာလဲ? "
" ကျွန်တော်တို့တွေ ဖြစ်စဉ်ကိုစုံစမ်းစစ်ဆေး
နေကြတာပါ " ။နတ်ဆိုးက မျက်မှောင်ကြုတ်
လိုက်ကာ..." ပျောက်ဆုံးနယ်မြေမှာ ဘာတွေ
ဖြစ်ပျက်ခဲ့လဲဆိုတာကို ကျွန်တော့်တို့မသိရဘူး ။
သတ္တုအတုံးတွေအကုန် သက်ဝင်လှုပ်ရှားလာခဲ့
တယ် ။လူတွေကိုတွေ့တာနဲ့ တိုက်ခိုက်တော့တာ
ပဲ ။ ကြယ်တစ်ပွင့်စက်ရုပ်တွေကို တွေ့ခဲ့ပြီးပြီ
မလား? "
စက်ရုပ်ရဲ့ရင်ဘတ်ပေါ်ကို နတ်ဆိုး လက်ညိုး
ညွှန်ပြလိုက်သည် ။" ဒါက ကြယ်နှစ်ပွင့်စက်ရုပ်ပဲ ။
သူတို့ရဲ့ခွန်အားက ကြယ်တစ်ပွင့်စက်ရုပ်တွေ
ထက် ဆယ်ဆပိုကြီးပြီးတော့...ဓားသခင်အဆင့်
လောက်မှာရှိတယ် "