Ep 66(Zawgyi &Unicode)
6.5K 1.1K 52
Chapter 34.1 – Author: Choose a good rival, this is a lifetime thing.
"လေးနှစ် " ထိုစကားက တုကျဲ့ စိတ်ထဲမှာ
ပဲ့တင်သံထပ်သွားခဲ့သည် ။
သူ တွေးကြည့်လို့်တောင်မရပေ ။သေချာပေါက်...
သူ ခဏလောက်လေးပဲ သွားလိုက်မိတာပါ...
လေးနှစ်တဲ့လား?
အကြောင်းအရာတွေက သူ့အတွက် လက်သင့်ခံနိုင်
ဖို့ အရမ်းကိုများလွန်းနေခဲ့သည် ။
အံ့သြတုန်လှုပ်သွားတဲ့တုကျဲ့ ထရပ်လိုက်မိကာ...
ရှို့ ကို ငေးငိုင်စွာနဲ့ကြည့်မိသည် ။
လူပုလေးရဲ့ပါးစပ်က နီရဲနေသည်ကို သူ ရှင်းရှင်း
လင်းလင်းကြီးမြင်နေရသည် ။
ရှို့ အဲတာကို သတိထားမိသွားပုံရပြီး...သူ့ပါးစပ်
ထောင့်လေးတွေကို လျှာဖြင့်လျက်လိုက်
ကာ သူအကြိုက်ဆုံးချိုချဉ်ကို စားနေရတဲ့
ကလေးတစ်ယောက်လိုမျိုး အရမ်းကိုချိုမြိန်တဲ့
အပြုံးလေးပြုံးပြလာခဲ့သည် ။ဇာတ်လိုက်က
ချိုမြပြီး မှောင်မိုက်တဲ့လေထုကိုပေးစွမ်းနေခဲ့
သည် ။
တုကျဲ့ ရဲ့ နှလုံးသားက ပြင်းထန်စွာခုန်ပေါက်နေ
ခဲ့သည် ။ရှို့ လက်လှမ်းလာပြီး...သူ့လည်ပင်း
နောက်ဘက်ကို ဂရုတစိုက်နဲ့ ပွတ်သပ်နေတာကို
သူ ကြည့်နေခဲ့မိသည် ။ရှို့ က အရင်ကတည်းက
သူ့လည်တိုင်ကိုပွတ်သပ်ရတာ ကြိုက်ပေမယ့်
လည်း...ဘာလို့မှန်းမသိ ဒီတစ်ခါက ကွဲပြားနေခဲ့
သည် ။သူ့အရေပြားပေါ်က စိတ်လှုပ်ရှားနေပြီး
ပြဿနာရှာဖို့ အသင့်ဖြစ်နေတဲ့ ရှို့ ရဲ့လက်ချောင်း
ထိပ်လေးတွေကို သူခံစားလို့ရနေခဲ့သည် ။
တစ်ခုခုတော့ လွဲမှားနေပြီဖြစ်သည် ။တုကျဲ့ သူ့
တံတွေးတွေကို ခက်ခက်ခဲခဲနှင့် မျိုချလိုက်မိ
သည် ။သူ့ လည်ချောင်းမှာတင်းကျပ်မှုကို ခံစား
နေရသည် ။သူ့ရဲ့ လည်စလုတ်လေးက အပေါ်
အောက်လှုပ်ရှားနေခဲ့ကာ...ရှို့ ရဲ့လက်ချောင်းတွေ
က အဲဒီအောက်သို့  ဆင်းသက်သွားခဲ့သည် ။
ဇာတ်လိုက်က တုကျဲ့ ကို အခုသူက ပေါက်ကွဲ
တော့မယ့်မီးတောင်ကြီးဖြစ်ကာ တုကျဲ့ က
မီးတောင်ဝမှာ ညပ်ပြီးတော့ သေမှာကိုစောင့်ဆိုင်း
နေရတဲ့သူလို ခံစားချက်အား ပေးစွမ်းနေခဲ့သည်...
ဟုတ်ပါတယ်လေ...ဘယ် YY novelမှာပဲ
ဖြစ်ဖြစ် ဇာတ်လိုက်က သူ့ရဲ့ညီလေးကို လေးနှစ်
တောင်မှစောင့်နေခဲ့ရရင်...သူ့ရဲ့ ဒေါသတွေက
ပြည့်လျှံနေမှာပဲဖြစ်သည် ။