Ep 115 & 116(Zawgyi &Unicode)
9K 1K 207
Chapter 60.1 – Reader:ကျွန်တော့်
အဖော်နဲ့ ကျွန်တော် ကြက်သေသေသွားခဲ့တယ် ။
ဒန်ရဲ့ရှင်းပြချက်ကိုကြားပြီးနောက် .. ရှို့ နှစ်စင်း
ထပ်နေတဲ့လတွေကို တစ်ချက်ကြည့်လိုက်ကာ
ဒန့် ဆီအကြည့်ပြန်ပို့ရင်း မေးလိုက်သည်
: “ပျက်စီးကုန်းမြေနဲ့ နတ်ဘုရားတွေရဲ့လောကက
တစ်ထပ်တည်းဖြစ်လာမှာလား ... ဘာတွေဆက်
ဖြစ်ကုန်မှာလဲ?”
“ နတ်ဘုရားတွေရဲ့လောကက ပျက်စီးကုန်းမြေနဲ့
တစ်သားတည်းဖြစ်ပြီးတော့ ... ပျက်စီးကုန်းမြေ
ကလည်း နတ်ဘုရားတွေရဲ့လောကနဲ့ တစ်သား
တည်း ဖြစ်လာလိမ့်မယ် ” ဒန် ဆိုလိုက်သည်:
“အနိမ့် .. အလယ် .. အမြင့်အဆင့် နတ်ဘုရား
တွေအကုန်လုံး ပျက်စီးကုန်းမြေမှာ ပေါ်ထွက်လာ
လိမ့်မယ်  ”
တုကျဲ့ final Bossဖြစ်တဲ့ .. အလင်း
နတ်ဘုရားကို ချက်ချင်းတွေးလိုက်မိသည် ။
သူ ကောင်းကင်မြို့တော်မှာ ရှိခဲ့စဉ်တုန်းက ..
အလင်းနတ်ဘုရားက အဆင့်မြင်နတ်ဘုရား
ဲဖြစ်တဲ့အကြောင်း သူ့ကိုပြောပြခဲ့တာပဲ -
အိုး .. ချီး!
အခု ချစ်စရာသခင်လေးက မျိုးနွယ်စု6စုရဲ့
သွေးကို နိုးထလာနိုင်ခဲ့ပြီဖြစ်ပေမယ့် level
80 တောင်မရောက်သေးဘူးလေ .. အဲတာကို
authorက level 100 လောက်ရောက်
အောင် ဇာတ်လမ်းကို ချဲ့ချင်နေတာလား ?!
အဲဒါအပြင်ကို final Bossရဲ့ တည်နေရာကို
ပြောင်းချင်သေးတယ်ပေါ့ ! ချီးပဲ !
သူတို့အရှေ့မှာ အလင်းနတ်ဘုရား ချက်ချင်း
ရောက်ချလာမှာကို စိုးရိမ်သောကြောင့် ..
တုကျဲ့  အလောတကြီး မေးလိုက်မိသည်
: “ နတ်ဘုရားတစ်ပါး ပျက်စီးကုန်းမြေဆီ
သက်ဆင်းလာတဲ့အချိန်မှာ .. သူ လူတစ်ယောက်
ကိုချက်ချင်းရှာနိုင်လား ?”
“ နတ်ဘုရားတွေက အခြားနတ်ဘုရားတွေနဲ့
ယုံကြည်သူတွေကတစ်ဆင့် သတင်းတွေကိုရနိုင်
တယ် .. ဒါကြောင့် ရုပ်တုတွေနဲ့ ယုံကြည်သူ
တွေ များလေလေ .. သူက ပိုပြီးတော့ သိမြင်နှံ့စပ်
လေပဲ ” သူ့ရဲ့လတ်စမသတ်ရသေးတဲ့ ရုပ်တုကို
ဒန် ဖျတ်ခနဲကြည့်လိုက်မိသည် ။
“နတ်ဘုရားရဲ့ရုပ်တုလည်းမရှိ .. နတ်ဘုရား
တွေကို တောင်းဆုပြုနေတဲ့ ယုံကြည်သက်ဝင်သူ
တွေလည်းမရှိဘူးဆိုရင်တော့ လူတစ်ယောက်ရဲ့
တည်နေရာကိုဆုံးဖြတ်တွက်ချက်ဖို့ နတ်ဘုရား
အတွက် ခက်ခဲလိမ့်မယ် ”