Ep 103 & 104(Zawgyi &Unicode)
8.1K 1K 179
Chapter 54.1 - Reader: ဒါက
ယောက်ျားတစ်ယောက် လုပ်သင့်တဲ့အရာလား?
နဂါးတွေအများကြီးကိုမြင်ရတော့...သူတို့လက်ရှိ
ရောက်နေတဲ့နေရာက ဒဏ္ဍာရီလာနဂါးကျွန်း
ဖြစ်နိုင်သည်ဟု တုကျဲ့ မှန်းဆလိုက်မိသည် ။
ဝတ္ထုထဲမှာ ရှို့ ရဲ့ နဂါးသွေးမနိုးထသေးပေမယ့်
လည်း ..." Mixed Blood " ထဲမှာနတ်ဘုရား
တွေ၏အချက်အလက်ထက် နဂါးတွေရဲ့ အချက်
အလက်ကပိုများသည် ။နဂါးသူရဲကောင်းတွေရဲ့
ပုံပြင်တွေက ကဗျာစာဆိုတွေ၏ အကြိုက်ဖြစ်ပြီး
တော့..နဂါးနှင့်စာချုပ်ချုပ်ကာ နဂါးသူရဲကောင်း
ဖြစ်လာဖို့က ငယ်ရွယ်သူတိုင်းရဲ့ အိပ်မက်ဖြစ်
သည် ။မြောက်မြားလှစွာသော စိတ်ကူးယဉ်ဝတ္တု
တွေလိုမျိုး... " Mixed Blood "ထဲကနဂါး
တွေမှာ အရောင်အသွေးစုံလင်ပြီး...သတ္တု နှင့်
ခရစ်စတယ်နဂါးတွေပါ ပါဝင်သည် ။ ထိုမြင့်မြတ်
တဲ့ အနောက်တိုင်းနဂါးတွေကတော့ ပဉ္စမမြောက်
ခေတ်ရဲ့ သခင်တွေဖြစ်သည် ။ သူတို့မှာ သန်စွမ်း
ပြီးတော့ စွမ်းအားကြီးလှတဲ့ခန္တာကိုယ်တွေရှိကာ
...နဂါးတစ်ကောင်ကိုသတ်နိုင်တဲ့ သက်ရှိအနည်း
ငယ်ပဲရှိသည် ။
အဲလိုစွမ်းအားကြီးမားတဲ့ သက်ရှိတွေက အဘယ်
ကြောင့် ပျက်စီးကုန်းမြေကနေဆုတ်ခွာပြီးတော့
ဘယ်သူမှရှာမတွေ့နိုင်တဲ့ နဂါးကျွန်းမှာနေနေရ
တာလဲ? ပျက်စီးကုန်းမြေကလူတွေအတွက်...ထို
ပဟေဋ္ဌိက " လူပုလေးတွေ ဘာကြောင့်ပျောက်
ကွယ်သွားရသလဲ? "ဆိုသည့် ဆန်းကြယ်မှုနှင့်
level အတူတူပင်ဖြစ်သည် ။နဂါးသူရဲကောင်း
ဖြစ်လာဖို့အတွက် လူတချို့က နဂါးတွေနှင့် စာချုပ်
ချုပ်ခဲ့ကြပေမယ့်...ဘယ်သူကမှ ထိုအကြောင်းကို
ဖွင့်ဟမလာခဲ့ပေ ။
ချစ်စရာသခင်လေးအတွက်တော့ လုပ်ဖို့လိုတာ
ပင်လယ်ထဲပြုတ်ကျလိုက်ရုံပဲဖြစ်ကာ...ထို့နောက်
ဒဏ္ဍာရီလာ နဂါးကျွန်းကို သူရှာတွေ့မှာဖြစ်သည် ။
ခံ့ညားကာ လှပတဲ့ငွေရောင်နဂါးကို မော့ကြည့်ရင်း
နဲ့ တုကျဲ့ သက်ပြင်းချလိုက်မိသည် ။သေချာသွား
ပြီ...ဒဏ္ဍာရီလာ နဂါးကျွန်းအပိုင်းက" နဂါးမျိုးနွယ်
သွေးနိုးထလာခြင်း " ဇာတ်ကွက်ပဲ ။ချစ်စရာ
သခင်လေးရဲ့ နဂါးအသွင်က အရမ်းမိုက်ပြီးတော့
ကြီးစိုးခြယ်လှယ်နိုင်စွမ်းရှိလိုက်တာ ။