Ep 87( Zawgyi &Unicode)
6.3K 1K 157
Chapter 45.2 – Reader: Selling out teammates.
ပထမဆုံးသော မှော်နတ်ဘုရားဖြစ်တဲ့...
အန်တိုနီယိုက ဒဏ္ဍာရီပင်ဖြစ်သည် ။သူက
ပျက်စီးကုန်းမြေက မရေမတွက်နိုင်တဲ့သူတွေရဲ့
idol ဖြစ်သည် ။သူ့ရဲ့ အားလုံးသောလုပ်ဆောင်
ချက်တွေကို ကဗျာစာဆိုတွေအတွက် သီဆိုရန်
ထင်ရှားကျော်ကြားသူများအကြောင်း ဖွဲ့ဆိုထား
သည့် ကဗျာရှည်ပင် ဖွဲ့လို့ရသည် ။
အန်တိုနီယို ဘယ်လောက်တောင်သန်စွမ်းလဲဆို
တာကို ဘယ်သူမှ အတိအကျမသိကြပေ...
သူက ထာဝရဘုရားသခင်ဖြစ်ဖို့ လက်တစ်ကမ်း
အလိုလောက်မှာရှိသည်ဟု ကောလာဟလ
ပြောကြသည် ။
အန်တိုနီယိုက ပျက်စီးကုန်းမြေပေါ်က မည်သည့်
အင်အားစုနှင့်မှ မဟာမိတ်ဖွဲ့မထားခဲ့ပေ ။ အခု
သူက ကြယ်စင်အင်ပါယာကို ဧည့်သည်အနေ
နဲ့ ရောက်နေတာဖြစ်သည် ။မူလဇာတ်လမ်းထဲမှာ
အန်တိုနီယိုကို ဟန်နီကနေတစ်ဆင့် ရှို့ တွေ့ဆုံခဲ့
တာဖြစ်သည် ။အကြည့်တစ်ချက်နဲ့တင် ထို
မှော်နတ်ဘုရားကို ဆရာအဖြစ်ရအောင် အစွမ်း
ကုန်ကြိုးပမ်းရန် ရှို့ အတွက်လုံလောက်သွားခဲ့
သည် ။
ထိုသူက အရမ်းအန္တရာယ်များသည်... ထိုဟာက
ရှို့ ခံစားလိုက်မိတာဖြစ်သည် ။ နတ်သူငယ်အသွင်
နဲ့ဆိုရင် သူနဲ့ တိုက်ခိုက်ဖို့ ခက်ခဲလောက်ပေမယ့်
...နတ်ဆိုးအသွင်နဲ့ ဆိုရင်တော့ တိုက်ခိုက်လို့
ရနိုင်လောက်သည် ။ ရှို့ အေးတိအေးစက်နဲ့ တွက်
ချက်လိုက်သည် ။ အဲဒီလူက သူ့ကို ဟန့်တား
နှောင့်ယှက်လာမယ်ဆိုရင်တော့...
အန်တိုနီယို သူ့ရဲ ရီဝေနေသောမျက်လုံးတွေကို
ပင့်လိုက်ကာ...မျက်လုံးတွေဆီကနေ အလွန်
တောက်ပလင်းလက်လာခဲ့သည် ။
" မင်းက မျိုးစေ့ကောင်းလေးပဲ...ဒီအဘိုကြီး
မင်းကို မချေမှုန်းချင်ဘူး "
" သူတို့တွေ ကျွန်တော့်လူကို ခိုးမသွားသင့်ဘူး "
နတ်သူငယ် အေးစက်စွာနဲ့ပြောလိုက်သည် ။
အကုန်လုံးရဲ့ မျက်လုံးတွေက တုကျဲ့ ကို သယ်
ထားတဲ့ အီနောခ့်ဆီ ရောက်သွားခဲ့သည် ။ဆံပင်
ကေတိုနဲ့ သူခိုး တောင့်တောင့်ကြီးပြုံးလိုက်
ပြီးနောက် တုကျဲ့ ကို အောက်ချပေးလိုက်သည် ။
နာရီမျှော်စင်ရဲ့အစွန်းဆီ တုကျဲ့ လျှောက်သွား
လိုက်တော့...ရှို့ ခုန်ချလာပြီးနောက် နဂါးတစ်
ကောင်က သူ့ရဲ့ရတနာကို ကာကွယ်နေသလိုမျိုး
တုကျဲ့ ရဲ့လက်မောင်းကို တင်းကျပ်စွာဖမ်းဆုပ်
ထားလိုက်သည် ။