Ch 18(Zawgyi &Unicode)
11.3K 1.6K 33
Chapter 10.1 – Author: The space-time corridors of the past and future
ပျောက်ဆုံးနယ်မြေကို စကားတစ်ခွန်းတည်းနဲ့
ဖော်ပြရမယ်ဆိုရင်....tsundereလို့ပဲ ပြောရ
မည်ဖြစ်သည် ။(tsundereဆိုတာ ဂျပန်anime
တွေထဲက အပြင်မှာတော့ခပ်ချေချေပုံစံနဲ့ အထဲမှာ
နွေးထွေးဂရုစိုက်တဲ့ characterမျိုးပါ)
ပျောက်ဆုံးနယ်မြေက အလွန်ကျယ်ပြန့်ပြီး
စိတ်ဝင်စားစရာလည်း ဘာမှမရှိပေ။
ထင်ရှားတဲ့အမှတ်အသားဆိုလို့ ကြီးမားတဲ့
အလင်းတိုင်ကြီးတစ်ခုသာရှိသည်။
တစ်နေရာရာကိုသွားချင်တဲ့ လူတစ်ယောက်က...
အရှေ့ကို လျှောက်လို့မရဘဲ...အနောက်လည်း
ပြန်လှည့်လို့မရပေ ။
အလင်းတိုင်ဆီ သူ့ရဲ့ဘယ်လက် ဒါမှမဟုတ်
ညာလက်ကို မျက်နှာမူပြီးမှလျှောက်လို့ရသည်...
ဘယ်လိုတောင်tsundereဖြစ်လိုက်တဲ့
ပျောက်ဆုံးနယ်မြေလဲ !
သာမန်လူတစ်ယောက်က အရှေ့ကိုလျှောက်တာနဲ့
အနောက်ကိုပြန်လှည့်တာလောက်ပဲ စဉ်းစားလို့ရ
ကြသည် ။ ဒါကြောင့်မို့ ပျောက်ဆုံးနယ်မြေမှာ
လေလွင့်နေတဲ့ လူအများစုက သေဆုံးသွားကြခြင်း
ဖြစ်သည် ။
မသေမျိုး လစ်ခ့်ျလူးဝစ် တစ်ယောက်တည်းကသာ
နည်းလမ်းရှာတွေ့ခဲ့ပြီး ...အဲဒီနောက်ပိုင်းမှာ
ပင်မကုန်းမြေတစ်ခုလုံးကို ကသောင်းကနင်းနဲ့
ဗြောင်းဆန်သွားအောင် လုပ်ခဲ့သည်။
တုကျဲ့ နဲ့ ရှုတို့ စွန့်ပစ်ထားတဲ့ဘုရားကျောင်းကနေ
ထွက်လာပြီး မှော်ကျမ်းစာအုပ်ထဲမှာရေးထားတဲ့
နည်းလမ်းအတိုင်းလိုက်ကာ အလင်းတိုင်းဘေးနား
မှာ တစ်လလောက်လျှောက်လိုက်ရသည် ။
သူတို့ မှော်ကိုအသုံးပြုလို့မရပေ ။ဒါကြောင့်မို့ သူတို့တွေရိုးရိုးသားသားနဲ့ လမ်းပဲလျှောက်ကြရသည်။
လမ်းချည်းလျှောက်ပြီးရင်း လျှောက်နေရတာ..
အရမ်းကိုပျင်းဖို့ကောင်းသည် ။အရင်ကအကြောင်းတွေ
ကို အစကနေပြန်တွေးဖို့အတွက် တုကျဲ့ မှာအချိန်တွေ
အများကြီးကို ရှိနေသည်။
အဲဒီတုန်းက သူ"Mixed Blood"ရဲ့ကမ္ဘာထဲကို
ရောက်လာပြီး ဇာတ်လိုက်နဲ့တွေ့ခွင်ရလိမ့်မယ်လို့
လုံးဝကိုထင်မထားခဲ့ပေ ။ပြီးတော့ သူနှိပ်စက်တာကို
ခံရလိမ့်မယ်ဆိုတာကိုရောပေါ့...shi*...haha ။
သူ့ဘေးက ရှုကို တုကျဲ့ မသိမသာလေးကြည့်လိုက်
သည်။ရှုရဲ့ ရှည်လျားပြီးလှိုင်းတွန့်ပုံစံဆံနွယ်တွေက
ပုခုံးတစ်ဖက်မှာ သာမန်ကာလျှံကာချည်ထားခံရပြီး
ဖြူဖျော့ကာ မှုန်မှိုင်းနေတဲ့မျက်နှာကို ဖော်ထားသည်။