Ep 82(Zawgyi &Unicode)
6.7K 1K 29
Chapter 43.1 – Reader: Wine can warm you up.
အန်နီ ဆီကနေရတဲ့ အချက်အလက်တွေအရ...
တုကျဲ့ နဲ့ ရှို့ သယ်ယူပို့ဆောင်ရေးမန္တန်မှာ ပိုက်ဆံ
အနည်းငယ်သုံးပြီး...ဖောက်သည် ရှိနေတဲ့မြို့ဖြစ်
သည့် -အလွန်အေးစက်တဲ့ကုန်းမြေက မြို့ငယ်
လေးဆီသွားလိုက်သည် ။
ဝန်းကျင်အခြေအနေတွေကို တစ်ဆင့်ပေးပို့ပေးတဲ့
မှော်ညာကိုသုံးပြီးနောက်မှာ... အူကြောင်ကြား
ချစ်စရာကောင်လေးတစ်ယောက်ခမျာ အေးလွန်း
လှ၍ အခဲဖြစ်သွားတော့မလိုပင် ။ လွန်ခဲ့တဲ့
တစ်မိနစ်လောက်ကပဲ သူတို့တွေနွေးထွေး
ပြီး စိုထိုင်းတဲ့တောင်ဘက်ပိုင်းမှာ ရှိနေခဲ့ကြပြီး...
နောက်တစ်မိနစ်အကြာမှာ သူတို့တွေ အေးခဲနေတဲ့
မြောက်ဘက်ပိုင်းကို ရောက်လာခဲ့ကြသည် ။
သယ်ယူပို့ဆောင်ရေးရဲ့ အနောက်နားလေးမှာ
အင်္ကျီဆိုင်ရှိနေခဲ့ပြီး...ကြေးစားတွေနှင့် တုကျဲ့ 
လို ကိုက်ညီတဲ့အဝတ်အစား ဘာမှပြင်ဆင်မလာခဲ့
တဲ့သူတွေအတွက် အရမ်းအံကိုက်ကျလှသည် ။
တုကျဲ့ နဲ့ ရှို့ စတိုးဆိုင်ထဲကိုဝင်သွားလိုက်သည် ။
ခဏကြာပြီးနောက်မှာ...လူနှစ်ယောက်ထွက်လာ
ခဲ့သည် ။ ရှို့ က အပြာနှင့်အဖြူရောင်ကုတ်အင်္ကျီ
ကို ဝတ်ထားခဲ့ပြီး...တုကျဲ့ ကတော့ အမွှေးပွ
ဘောလုံးလိုမျိုး တစ်ကိုယ်လုံးကိုပတ်ထားခဲ့
ပေမယ့် အခုထိတုန်နေသေးသည် ။
အရမ်းအေးတာပဲ!
တုကျဲ့ ရဲ့ စတိုင်မကျလှတဲ့အမွေးပွခေါင်းဆောင်း
က ဖီးနစ်ငှက်ပေါက်လေး ခေါင်းပြုထွက်လာသော
ကြောင့် ခေါက်တွန့်လှုပ်ရှားသွားခဲ့သည်...
ငှက်လေးရဲ့ အနက်ရောင်မျက်လုံးတွေက
အဖြူရောင်လောကကြီးကို စိတ်ဝင်တစားနဲ့
ပတ်ပတ်လည် လိုက်ကြည့်နေခဲ့သည် ။ မြို့အရှေ့
မှာတော့...နေရာတိုင်းက နှင်းတွေနဲ့ ဖုံးလွှမ်းနေခဲ့
သည် ။
ရှို့ အူကြောင်ကြောင်နဲ့ ချစ်ဖို့ကောင်းပြီးတုန်ခါနေ
တဲ့ အမွေးထုပ်လေးကိုကြည့်လိုက်ပြီး...တုကျဲ့ 
ရဲ့ ဘယ်လက်ကိုကိုင်ရန် သူ့ညာလက်ကို
လှမ်းလိုက်သည် ။ ပထမတော့ ရှို့ လက်ကမထင်
မှတ်ထားဘဲ သူ့ထက်ပိုအေးစက်နေသောကြောင့်
ထိုထိတွေ့မှုက တုကျဲ့ ကို တုန်ရီသွားစေပေမယ့်...
မကြာခင်မှာပဲ သူတို့လက်တွေကိုအစိမ်းရောင်
အလင်းလွှာလေးက လွှမ်းခြုံသွားခဲ့သည် ။ရှို့ ရဲ့
လက်ဖဝါးဆီကနေပြီး နွေးထွေးမှုစီးကြောင်း
လေးကို တစ်ဆင့်ပေးပို့လာပြီး သူ့တစ်ကိုယ်လုံး
ကို ပျံ့ နှံ့ စိမ့်ဝင်သွားခဲ့သည် ။