Ep 84( Zawgyi &Unicode)
6.4K 1K 55
Chapter 44.1 - Reader: (LOL)
တုကျဲ့ လှေစီးပြီး ခရီးထွက်နေရသလို ခံစားနေရ
သည် ။သူ့ခေါင်းက မြင့်ချည် နိမ့်ချည်ဖြစ်နေပြီး
တော့...သူ့ကို မူးဝေနေစေသည် ။ သူ့ခေါင်းပိုပိုပြီး
လေးလံလာတာကို ခံစားရပြီး..အောက်သို့နိမ့်နိမ့်
ကျသွားခဲ့ကာ...ရုတ်တရက် လှိုင်းလုံးအကြီးကြီး
က သူ့ကိုရိုက်ခတ်သွားပြီး သူ့ခေါင်းအောက်
ဘက်သို့ ငိုက်ကျသွားခဲ့သည် ။
ထို့နောက်မှာတော့ အူကြောင်ကြား ချစ်စရာ
ကောင်လေး ဖြည်းဖြည်းချင်းနိုးလာခဲ့သည် ။
ပထမဆုံးပြန်ရောက်လာတဲ့ သူ့ရဲ့ခံစားမှုအာရုံ
ကတော့ အနံ့ဖြစ်သည် ။သူ့နှာခေါင်းတစ်ခုလုံးမှာ
ဆေးရွက်ရနံ့တွေနဲ့ ပြည့်နေခဲ့သည် ။ ထို့နောက်
သူ အထိအတွေ့ကို ပြန်ခံစားလာနိုင်ခဲ့သည် ။ သူ့
မျက်နှာက အေးစက်တဲ့ပိုးသားပေါ်မှာ အပ်ထားမိ
ပုံရသည် ။ နောက် သူ့မျက်လုံးတွေကို ဖွင့်ကြည့်
လိုက်တော့ လှပတဲ့အပြာရောင်ပန်းပြောက်တွေနဲ့
ပုံဖော်ထားတဲ့ အဖြူရောင်အဝတ်ကို တွေ့လိုက်ရ
သည် ။နောက်ဆုံးမှာ သူ့ရဲတခြားခံစားမှုအာရုံ
တွေလည်း ပြန်ကောင်းလာခဲ့ကာ...သူ့နားရွက်
နားလေးမှာကပ်နေတဲ့ ရှို့ အသံကိုကြားလိုက်ရ
သည်: " မင်းနိုးလာပြီလား? "
အိမ်မက်ထဲမှာလို လေးလံနေခဲ့တဲ့ သူ့ခေါင်းကို
တုကျဲ့ မလိုက်သည် ။သူ့ကို ရှို့ သယ်ထားတာကို
တွေ့လိုက်ရတော့ သူ တုန်လှု့ပ်သွားခဲ့သည် ။
သူတို့ရဲ့ ဘေးပတ်ဝန်းကျင်က နှင်းတွေဖုံးလွှမ်းနေ
တဲ့ မြေဖြစ်နေဆဲပေမယ့်...ရေခဲခရစ်စတယ်
မြက်ချိုင့်ဝှမ်းရဲ့အပေါ်က တောင်ထိပ်မှာတော့
မဟုတ်တော့ပေ ။ရှို့ က သူ့ကိုသယ်ထားပြီးတော့
အက်ဒီက သူတို့ဘေးနာမှာ လျှောက်နေခဲ့သည် ။
ကြည့်ရတာ သူတို့တွေ...တောင်အောက်ဆင်းနေ
ကြတာများလား?
သူနောက်ဆုံးမှတ်မိတဲ့ဟာက အက်ဒီရဲ့ဝိုင်ကို
သောက်တာပဲဖြစ်သည် ။တုကျဲ့ မျက်မှောင်ကြုတ်
လိုက်မိသည် ။သူ့ခေါင်းက ဆိုးဆိုးရွားရွားကို အုံခဲ
နေခဲ့ပြီးတော့...တစ်ခုခုကို စဉ်းစားကြည့်ရုံနဲ့တင်
နာကျင်မှုကို ပိုဆိုးဝါးလာစေသည် ။ အဲတာ
အပြင်..စိတ်ထင်ယောင်ထင်မှား ဖြစ်နေတာဆို
ပေမယ့်လည်း..သူ့ရဲ့ပါးစပ် နဲ့ မျက်နှာက နာကျင်
စွာ ဖူးရောင်နေသလိုပင် ။