Ch 16(Zawgyi & Unicode)
10.8K 1.5K 37
Chapter 9 Author: Three years flew by.
တုကျဲ့ အရမ်းကို အကြံအိုက်မိသည်။သေချာ
ပေါက်ကို....မယ်တော်မေရီလိုဂရုဏာနဲ့
ဇာတ်လိုက်ကို သူဆက်ဆံတာပါ ။
အဲတာကို ဘာလို့ဇာတ်လိုက်ကသူ့ရဲ့ အကျိုးပြုသော
မယ်တော်မယ်ရီသရုပ်ဆောင်မှုမှာ သဘောကျမလာ
ပဲနဲ့ သူ့ကို အရမ်းနှိပ်စက်နေရတာလဲ။
လွန်ခဲ့တဲ့ရက်တွေမှာ သူ့ရဲ့မကျေမချမ်းမှုတွေကို
ခံခဲ့ရပေမယ့်....အခုချိန်မှာတော့ သူတော်လှန်ဖို့
အသင့်ဖြစ်နေပြီဖြစ်သည်။
ဇာတ်လိုက်ကို သူပြစ်တင်ဆုံးမခြင်ပေမယ့်လည်း
အေးစက်စက်နဲ့ မောက်မာလှတဲ့ဇာတ်လိုက်ရဲ့
ဆိုးသွမ်းတဲ့အပြုအမူ =ဘဝအကြောင်းကို
လေးလေးနက်နက်နဲ့ ပြောခြင်း =စကားတွေ
အများကြီး..အများကြီးကိုပြောဖို့လိုတယ်....တော်ပါ
ပြီလေ 😖😖 ။
တုကျဲ့ ခြေကုန်လက်ပန်းကျနေခဲ့သည်။သူ့မျက်နှာက
အေးတိအေးစက်ဖြစ်နေတုန်း ဆိုပေမယ့်လည်း...
ဖုံးကွယ်ထားတဲ့ အတွင်းဒဏ်ရာတွေတော့ရှိနေပြီ
ဖြစ်သည်။
ဇာတ်လိုက်က သူ့ရဲ့သူငယ်ချင်းကောင်းတွေဆီကနေ
အကြိမ်ပေါင်းများစွာ သစ္စာဖောက်ခြင်းခံခဲ့ရတာကို
တုကျဲ့ သိသည်။သူ့ကို ဘယ်ကလာမှန်းဘာဆိုတာ
မှန်းမသိတဲ့ လူတစ်ယောက်ကို ချက်ချင်းယုံကြည်ခိုင်း
တာကတော့ သိပ်ပြီးလက်တွေ့မကျပေ ။ အခုချိန်မှာ
တခြားသူတွေ သူ့ကိုဘယ်လိုထင်လဲ
ဆိုတာကို ရှို့ ဂရုစိုက်တဲ့ပုံမပေါက်ပေ ။
သူ့အမြင်မှာတော့...လူတွေကို အသုံးချပြီး
သူတို့တွေသစ္စာမဖောက်ခင်မှာ သတ်ပစ်တာက...
မှန်ကန်တဲ့ရွေးချယ်မှုဖြစ်သည် ။
လူ့လောကကိစ္စတွေနဲ့တသီးတခြားနေတတ်ပြီး
လျို့ဝှက်နက်နဲတဲ့ပုံစံနဲ့လူက သိမ်မွေ့ စွာလှပတဲ့
လူဆိုတဲ့စကားကတကယ်ကို မှန်ကန်သည်
(မီးတွေကလင်းနေပေမယ့်
...အိမ်မှာလူတစ်ယောက်မှ မရှိပေ)။
(ဒီအပိုဒ်က ဘာကိုဆိုလိုမှန်း Scarletလည်း..
သိပ်နားလည်မလို့ သူရေးထားတဲ့အတိုင်းပဲ ပြန်ပေး
လိုက်ပါတယ်နော်)
...ဒါဆို အဓိကတရားခံကမင်းပေါ့...အများပြည်သူ
ဆက်ဆံရေးတားဆီးသူ? (Public relations
barrier)