Ep 23(Zawgyi & Unicode)
9K 1.3K 72
Chapter 12 - The way I grabbed people must be wrong!
အရိုးမှုန်တွေ တုကျဲ့ မျက်နှာပေါ်ကျလာခဲသည် ။
ပြင်းထန်တဲ့ဂယက်လှိုင်းကြီးက သူ့ခြေထောက်
အောက်ကနေပြီး သူ့ကိုလွင့်ထွက်သွားစေခဲ့သည် ။
ပိရမစ်ရဲ့အောက်ခြေကိုတိုက်မိချိန်အထိ သူ လူးလိမ့်
သွားခဲ့သည် ။သူ ထရပ်ဖို့ကြိုးစားလိုက်ပြီး...ဘာတွေ
ဖြစ်ပျက်နေလဲဆိုတာ မြင်လိုက်ရချိန်မှာတော့ တုကျဲ့ 
သွေးပျက်သွားခဲ့သည် ။
အမျိုးသမီးရဲ့ တစ်မီတာနဲ့တစ်ဝက်ရှည်ပြီး...နှစ်
လက်မကျယ်တဲ့ဓားကြီးကို ရှို့ ရဲ့ခါးနေရာကိုထိုးစိုက်
ထားသည် ။အငွေ့ပြန်မသွားခင်မှာတင်ကို အနက်
ရောင်သွေးတွေက စီးကျလို့နေခဲ့သည် ။
အဲလိုသေလုနီးပါးဒဏ်ရာနဲ့တောင်...ရှို့ ရဲ့မျက်ဝန်း
တွေက အပြာရောင်ဝိညာဉ်မီးတောက်တွေရဲ့
လောင်မြိုက်မှုနဲ့  တောက်ပနေဆဲပင်ဖြစ်သည် ။
ဓားကိုထိုနေရာမှာတင်ရှိနေဖို့ လစ်ခ်ျက သူ့ခန္တာကိုယ်
နဲ့ ထိန်းထားခဲ့သည် ။သူတုံ့ဆိုင်းနေခဲ့ပေ ။
သူမရဲ့နဖူးပေါ်ကို လစ်ခ်ျ လက်တင်လိုက်ပြီး...သူမရဲ့
စိတ်ကိုဆုတ်ဖြဲပစ်ပြီး ဖျက်ဆီးစေမယ့် မျှော်လင့်ချက်
ပျက်သုဉ်းခြင်းဝိညာဉ်ကို ရှို့ ဆင့်ခေါ်လိုက်သည် ။
ဒါပေမယ့် မီးခိုးရောင်ဝိညာဉ်က အမျိုးသမီးစစ်သည်
တော်ရဲ့ ခေါင်းထဲကနေပြီး ဒီတိုင်းဖြတ်သာ သွားခဲ့
သည် ။ ရှို့ မျက်နှာဖြူဖပ်သွားခဲ့သည် ။
အကျိုးမသက်ရောက်တဲ့ အမျိုးသမီး စစ်သည်တော်
ကိုကြည့်ပြီး...သူအသံတိုးတိုးနဲ့ ခြောက်ကပ်စွာပြော
လိုက်သည် ။
"...ရုပ်သေးရုပ် "(robotလိုမျိုးပါ)
"မင်း သိသွားပြီလား ?"
ရှို့ ဆီကို ဖလန်ဒယ်လျှောက်လာပြီး သူ့ဘေးနားမှာရပ်
ကာ...အမျိုးသမီးစစ်သည်တော်ကို ဂုဏ်ယူစွာနဲ့
ပုတ်လိုက်သည် ။
"ဒါငါ့ရဲ့ အကောင်းဆုံးသောအလုပ်..မီယာပဲ "
ဖလန်ဒယ်ရဲ့ ချီးမွမ်းမှုကိုကြားတော့...မီယာ ရှက်ပြုံး
လေးပြုံးလိုက်သည် ။သူမကို ကြည့်စမ်းပါဦး...ဒီလို
အသက်ဝင်တက်ကြွနေတဲ့ စစ်သည်တော်က
စက်ရုပ်သေးရုပ်ဆိုတာ ဘယ်သူကယုံမှာလဲ?