Ep 117 & 118(Zawgyi &Unicode)
6.9K 928 143
Chapter 61.1 - ဇာတ်လိုက် : ငါ့ရဲ့
ယခင်ကပုံစံကို ငါကိုယ်တိုင်သတ်ပစ်မယ် ။
သားရဲနတ်ဘုရားရဲ့လက်ထဲမှာ သွေးစွန်းထင်း
နေတဲ့ ဓားရှည်ကိုင်ထားခဲ့သည် ။ သူကတော့
လူတစ်ပိုင်း သားရဲတစ်ပိုင်းတွေ၏ စစ်နတ်ဘုရား
ပင်ဖြစ်သည် ။ သူ့ရဲ့ တုတ်ခိုင်သန်မာတဲ့
ကိုယ်ထည်က ခံ့ညားကာ မြင့်မြတ်နေပြီးတော့
.... ကြွက်သားတစ်ခုချင်းစီတိုင်းရဲ့ သာမန်ကာ
လျှံကာလှုပ်ရှားမှုလေးကပင် မျိုးနွယ်စုတစ်စုလုံး
ကို ခြေမှုန်းပစ်နိုင်လောက်သည် ။
လူတစ်ပိုင်း သားရဲတစ်ပိုင်းတွေ သူတို့၏
စစ်နတ်ဘုရားကို စိတ်ထက်သန်စွာဖြင့်ကြည့်
လိုက်ကြသည် ။ စစ်နတ်ဘုရား သူ့ရဲ့ဓားရှည်ကို
မြှောက်ကာ အော်လိုက်သည် :" လူတစ်ပိုင်း
သားရဲတစ်ပိုင်းတွေအတွက် !"
လူတစ်ပိုင်း သားရဲတစ်ပိုင်းဆွေ ဟစ်ကြွေးလိုက်
သည် : " စစ်နတ်ဘုရားအတွက် !"
" လူတစ်ပိုင်း သားရဲတစ်ပိုင်းတွေအတွက် !"
" စစ်နတ်ဘုရားအတွက် !"
လူတစ်ပိုင်း သားရဲတစ်ပိုင်းတွေ သူတို့ရဲ့စိတ်
ဆန္ဒတွေ ကို နှိုးဆွနေသည့်အလား ဟစ်ကြွေးကာ
...သူတို့တွေရဲ့နှလုံးသားထဲက စိတ်ထက်သန်
ပြင်းပြမှုတွေကို ဖော်ပြလိုက်ကြသည် ။
သားရဲနတ်ဘုရားရဲ့ ဓားရှည်ထက်မှာ အနီရောင်
အစက်တစ်စက်ပေါ်လာခဲ့ပြီး ... အနီရောင်
အတန်းလေးတွေ အများကြီးအဖြစ်သို့ ကွဲထွက်
ကာ လူတစ်ပိုင်း သားရဲတစ်ပိုင်းတွေအပေါ်
ကျဲပြန့်သွားခဲ့သည် ။ ထိုဟာက စစ်နတ်ဘုရား၏
ကောင်ချီးပေးမှုဖြစ်သည် ။
ကောင်းကင်ထက်က သားရဲနတ်ဘုရားကို ရှို့
မော့ကြည့်လိုက်သည် ။သူ့ရဲ့ မျက်ဝန်းတွေက
အရာမှန်သမျှကို မျိုယူနိုင်စွမ်းရှိသည့် နက်ရှိုင်း
သည့်ရေကန်တွေကဲ့သို့ အပြာရင့်ရောင်
ကာလာဖြစ်သည် ။
နတ်ဘုရား ရုတ်တရက်ဆိုသလို ခြိမ်းခြောက်
မှုတစ်ခုကို သတိထားလိုက်မိကာ အနောက်
ဘက်သို့ ဒေါသခြောင်းခြောင်းထွက်ရင်းနဲ့ ကြည့်
လိုက်သည် ။
အနောက်ဘက်ကောင်းကင်မှာ အေးစိမ့်မှုတစ်ခု
ရှိနေခဲ့သည် ။ ရုတ်ချည်းပင် အနက်ရောင်သံချပ်
ကာဝတ်စုံနှင့် ဆံပင်အနက်ရောင် ယောက်ျား
တစ်ယောက် ပေါ်ထွက်လာခဲ့သည် ။