Ep 43(Zawgyi & Unicode)
7.8K 1.2K 149
Chapter 23.2 – Reader: I’ve already taken off my pants, and this is what you show me?!
တုကျဲ့ နဲ့ ရှို့ အခန်းထဲကိုပြန်ရောက်ပြီး ကုတင်တစ်
လုံးတည်းရှိတာကိုမြင်မှ...ချစ်စရာကောင်လေးက
သူတို့တွေညီမနှစ်ယောက်ရဲ့ ရှို့ နဲ့ တုကျဲ့ ကိုgayလို့
ထင်နေကြတဲ့အမြင်ကိုမဖြေရှင်းခဲ့ရမှန်း သတိရလိုက်
သည် ။
အခုချိန်ကျမှ ပြန်သွားကာနောက်ထပ်အခန်း
တစ်ခန်းတောင်းဖို့ရာကလည်း သိပ်ပြီးသဘာဝ
မကျပေ ။ဒါ့အပြင် သူတို့တွေညစာစားပြီးနောက်မှာ
နားကြပ်က အားကုန်သွားခဲ့သည် ။ရှို့ ကိုတုကျဲ့ 
လှည့်ကြည့်လိုက်တော့ လစ်ခ်ျ့ ကချန်ပြန်ကို
မှော်ကျမ်းစာအုပ်အဖြစ် ပြောင်းလိုက်သည်ကို
တွေ့လိုက်ရသည် ။ရှို့ ကစိတ်ဝင်တစားနဲ့ဖတ်နေခဲ့ပြီး
လုံးဝအနားယူမယ့်ပုံ မပေါ်ပေ ။ဇာတ်လိုက်က
ကြိုးကြိုးစားစားနဲ့လေ့ကျင့်နေတာကိုတွေ့တော့...
တုကျဲ့ သူ့ရဲ့တည်ရှိမှုကိုသေးငယ်အောင်လုပ်လိုက်
သည် ။
လက်စားပြန်ချေနိုင်ဖို့ရန်အတွက် ရှို့ အလုပ်ကြိုးစား
နေတယ်ဆိုတဲ့အသိက တုကျဲ့ ကို ရှုပ်ထွေးတဲ့ခံစား
ချက်ကို ပေးနေခဲ့သည် ။ရှို့ နဲ့ အနာဂတ်အကြောင်း
ပြောဖို့ရန် အခွင့်အရေးရှာရမည်ဟု သူတွေးလိုက်
သည်..အလင်းနတ်ဘုရားကိုဆွဲချပြီး ကမ္ဘာကြီးကို
ဖျက်ဆီးပစ်ခြင်းက ဗီလိန်ဘောစ့်ရဲ့ တာဝန်ဖြစ်
သည် ။ချစ်စဖွယ်သခင်လေးက အဲဒီအလုပ်ကို
လွှဲပြောင်းမယူသင့်ပေ ။ထိုအကြောင်းတွေကို
စဉ်းစားရင်း သူအိပ်ပျော်သွားခဲ့သည် ။
ဗိုင်အိုလက်က အဲလစ်အသက်ကိုကယ်နိုင်မယ့်
တာဝန်အတွက်စိတ်လှုပ်ရှားနေပြီး..နောက်တစ်နေ့
မှာပဲ အားလုံးကိုအသင့်ဖြစ်စေခဲ့ပေမယ့် ပြဿနာ
နည်းနည်းလေးရှိနေခဲ့သည် ။
တုကျဲ့ သူ့အရှေ့ကအဝါရောင်သက်ရှိကိုကြည့်လိုက်
သည် ။အဲတာက နှစ်မီတာမြင့်ပြီး ကြီးမားလှတဲ့
ိနောက်ခြေနှစ်ချောင်းက ရှေ့ခြေတွေနဲ့ယှဉ်ရင်
အနည်းငယ်သေးတဲ့ ဒိုင်နိုင်ဆောမျိုးစိတ်တစ်မျိုးနဲ့
တူသည် ။စိတ်ကူးယဉ်ဝတ္ထုတွေထဲမှာတော့ နဂါး
အဖြစ်မကြာခဏ ရည်ညွှန်းခံရလေ့ရှိသည် ။