Ep 174&175&176(Zawgyi & Unicode)
6.9K 732 171
Chapter 86.1 Doujinshi: ဒီလူတွေက
သူတွေ့ ဖူးခဲ့သမျှထဲမှာ အရှက်မရှိဆုံး လူနှစ်ယောက်
ပဲ ။
အီရစ်ခ်နှင့်မတူဘဲ တုကျဲ့ က ကုတင်ကိုကျောပေး
ထားခဲ့တာ‌ကြောင့် ဘာတြွေဖစ်နေသလဲဆိုတာကို
သူ မမြင်ရပေ ။တစ်ခုခုဖြစ်နေမှန်း သူ မသိလိုက်
ခင်မှာပဲ ... အီရစ်ခ်က တုန်လှုပ်ချောက်ခြားမှုနှင့်
အတူ ‌ခြေတစ်လှမ်းနောက်သို့ ဆုတ်သွားခဲ့သည် ။
ချက်ချင်းဆိုသလို ပိုင်စိုးပိုင်နင်းဆန်ကာ အလွန်
အထက်စီးဆန်သည့် အနေအထားဖြင့် အနောက်
ကနေ ပွေ့ ဖက်ခြင်းကို တုကျဲ့ ခံလိုက်ရသည် ။
ရေရဲ့ ရနံ့ က တုကျဲ့ ‌နှာခေါင်းထဲသို့ လေနှင့်အတူ
ပါလာကာ ညင်ညင်သာသာလေး တိုးဝင်လာခဲ့
သည် ။ သူ နောက်ကိုလှည့်ကြည့်လိုက်တော့
‌ချောမောကာ ‌ငွေမှင်‌ရောင်ဆံနွယ်တွေနှင့်  ရေယက်
နားရွက်တွေရှိသော လူငယ်လေးကို တွေ့ လိုက်ရ
သည် ။
ရေယက်တွေက တုကျဲ့ ရဲ့ လက်ဖဝါးလောက်ရှိကာ
အတောင်ပံငယ်‌လေးကဲ့သို့ ပွင့်ဟနေခဲ့သည် ...
ရေယက်တွေကို တုကျဲ့ ဘယ်တုန်းကမှမမြင်ခဲ့ဖူး
ပေမယ့်လည်း အမှောင်ထဲမှာ ထိုအရာတွေကို သူ
ခံစားလို့ရနေခဲ့သည် ။
ဒါက ချစ်စရာသခင်လေးရဲ့ နဂါးအသွင်ပဲ ။
“ ကိုယ် မလှုပ်နိုင်တဲ့အချိန်ဆိုရင် ... မင်းက စကား
‌တွေ အများကြီး‌ပြောသလိုပဲ ”
ရှို့ ရဲ့ အနီရောင်မျက်ဝန်းတွေက သူ့ရဲ့ အူ‌ကြောင်
ကြား ချစ်စရာကောင်လေးကို ငုံ့ကြည့်နေခဲ့ကာ
ထို့နောက်မှ အီရစ်ခ်ကို စိုက်ကြည့်လာခဲ့သည် ။
ရှို့ ရဲ့ ပါးစပ်ထောင့်တွေက အပြုံးအဖြစ် အပေါ်သို့
ကော့တက်နေပေမယ့်လည်း ထိုဟာက နဂါးတစ်
ကောင်ရဲ့ မထိသင့်တဲ့နေရာကို သွားထိမိပြီးတော့
သူ့ရဲ့ အမျက်ဒေါသကို ဆွပေးနေခဲ့သလိုပင် ။
"  တုကျဲ့ ကို  မင်းက ငါကို့ သတ်စေချင်နေတာ
လား?"
… အခုလို " အိပ်ရာပေါ်မှာ ပက်ပင်းတိုးတယ် "
ဆိုတဲ့ အနေအထားမျိုး ဘာ‌ကြောင့်ဖြစ်နေတာပါ
လိမ့် ?!ရှို့ ရဲ့ ဘေးတိုက်ပုံကို တုကျဲ့ ‌‌လန့်ဖျပ်စွာနှင့်
‌ငေးကြည့်နေမိသည် ။ ရှို့ ကို သတိမေ့နေတယ်လို့
သူ ထင်ခဲ့ပေမယ့် ... တကယ်တော့ ရှို့ က အသိရှိ
‌နေပုံပဲ ။ အဲလိုသာဆို ပြိုင်ဘက်နဲ့ တုကျဲ့ ပွင့်ပွင့်
လင်းလင်း ‌ပြောဆိုနေတဲ့အတွင်း ချစ်စရာသခင်လေး
အကုန်ကြားလောက်ရောပေါ့ ။