Ep 159&160(Zawgyi & Unicode)
5.8K 674 130
Chapter 80.1 – နတ်ဘုရားမျှော်စင် :
လူပုမြို့ တော်ပျက်
ဤနေရာကို သတ္တုနှင့်တူသော အရောင်တွေဖြင့်
လွမ်းခြုံထားခဲ့သည် ။မီးလုံးအကြီးအသေးတွေ၏
ထွန်းလင်းမှုကြောင့် စတီးမြို့တော်က အမြဲလိုလို
‌တောက်ပနေခဲ့သည် ။ရင်းနှီးနေခဲ့သော မြင်ကွင်း
‌ကြောင့် တုကျဲ့ ‌ဤနေရာကို ချက်ချင်းမှတ်မိသွား
ခဲ့သည် ... ဒါ လူပုမြို့တော်ပျက်ပဲ ။
သူတို့အရှေ့ မှာတော့ စက်ဝိုင်းပုံစံ မြေကွပ်လပ်
ရှိကာ ... ထိုဟာရဲ့ အလယ်မှာတော့ ရှို့ နှင့်
တုကျဲ့ တို့ရောက်လာချိန်မှာ သက်ဝင်လှုပ်ရှား
လာခဲ့သည့် သံလူပုလေးရုပ်တုတွေ ရှိနေခဲ့သည် ။
သံလူပုလေးတွေ ရုတ်တရက် အသက်ဝင်လာ
ခဲ့သည် ။သူတို့တွေ ခုန်ဆွခုန်ဆွလုပ်လိုက်ကြကာ
ဒရမ်တီးသံတွေ ထွက်လာခဲ့ပြီး သူတို့ရဲ့ ခေါင်း
ထက်မှာ စာကြောင်းတစ်ကြောင်း ဖြတ်ခနဲပေါ်လာ
ခဲ့သည်:" မွေးရပ်ဌာနေကနေ ကြိုဆိုပါတယ် ။
ဒီနေရာကတော့ လူပုမြို့တော်ပျက်ပါ "
သံလူပုလေးတွေထဲက တစ်ယောက်က သူတို့အား
တစ်စုံတစ်ရာပေးချင်သကဲ့သို့ သူ့ရဲ့ လက်တွေကို
ဆန့်ထုတ်လာခဲ့သည် ။ သူအရင်တုန်းက
သူတို့ကိုမြင်ဖူးနေခဲ့သလိုမျိုး ... ဘာလို့ သံ
လူပုလေးတွေရဲ လက်တွေကို မြင်ရတာ ရင်းနှီး
နေခဲ့သလဲဆိုတာ တုကျဲ့ သိချင်မိသည် ။ ထို
နှုတ်ခွန်းဆက်သမှုအပြီးမှာ သံလူပုလေးတွေ
လှုပ်ရှားမှု ရပ်သွားခဲ့ကြပြီး ... မြေကွက်လပ်ရဲ့ 
အထက်မှာ ပေါ်နေခဲ့သော ကြိုဆိုသည့်စာသား
သာ ကျန်နေခဲ့သည်။
ထိုဟာက မှော်ပညာမဟုတ်ပေ ... ထိုဟာက
စက်ယန္တရားနှင့် နည်းပညာ ‌ပေါင်းစပ်ထားမှုရဲ့
တင်ဆက်ပြသမှုသာဖြစ်သည် ။
လူပုလေး ဘာသာစကားနှင့် ပန်းပဲနည်းပညာကို
သင်ယူဖို့ရာအတွက် ဉာဏ်ပညာရဲ့ ဂိတ်ပေါက်ထဲမှာ
ရှို့ ပိတ်မိနေချိန်မှာ ... စက်ရုပ်အိုကြီး ဂျွန်က
တုကျဲ့ ကို Kabbalah ဘဝသစ်ပင်အတိုင်း
ဒီဇိုင်းဆွဲ တည်ဆောက်ထားခဲ့သည့် မြို့တော်ကို
လှည့်ပတ်ပြသပေးခဲ့သည် - ဤနေရာမှာရှိသည့်
စက်ဝိုင်းက ဘဝသစ်ပင်၏ အောက်ခြေဖြစ်ကာ
" မြို့ တော် " sephirot နှင့် လုပုမြို့ တော်ပျက်
၏အတွင်းပိုင်းမြို့တော်ဆီ ဦးတည်သည့် ဝင်ပေါက်
အစစ်အမှန်ဖြစ်သည် ။ ‌နှစ်ပေါင်းထောင်ချီအောင်
ပြေးလွှားလှုပ်ရှားနေခဲ့ကြသည့် ဤ သံလူပုပေါက်စ
လေးတွေ၏ အလုပ်လုပ်ပုံကို တုကျဲ့ မြင်ဖူးခဲ့ပြီး
သားပေမယ့် ဘယ်လူပုလေးကမှ ကြည့်ရှုနေသူကို
တစ်ခုခုလှမ်းပေးနေသည့်အလား သူ့လက်ကို
ဆန့်တန်းတာတော့ မရှိခဲ့ပေ ။ ဤဟာက
နတ်ဘုရားမျှော်စင်၏ ဖြည့်စွက်ချက်တွေထဲက
တစ်ခုဖြစ်ရမည် ။