Ep 145&146(Zawgyi &Unicode)
4.5K 641 71
Chapter 75.1 – နတ်ဘုရားမျှော်စင် : နဂါး
လိုဏ်ဂူ
တုကျဲ့ ရဲ့ မေးခွန်းကို ကြားပြီးချိန်မှာ Soth
အနည်းငယ် မှင်သက်သွားခဲ့မိသည် ။ ကမ္ဘာရဲ့ 
စစ်မှန်တဲ့ အနှစ်သာရတဲ့လား ? ကမ္ဘာရဲ့  အခြေခံ
အုတ်မြစ်ဖြစ်သည့်- သဘာဝအင်အားစုတွေကို
Soth ချက်ချင်းဆိုသလို တွေးလိုက်မိသည် ။
သို့သော် ဒီအဖြေက လွယ်ကူလွန်းနေသည် ... ထို
ဟာက ကမ္ဘာရဲ့ ပေါင်းစပ်ဖွဲ့စည်းပုံကိုသာ ပြောပြနိုင်
ပြီးတော့ လောကရဲ့ မရှိမဖြစ်အရေးပါသည့်
သဘာဝတရား မဟုတ်ပေ ။
အနှစ်သာရက အရာတစ်ခု၏ ဇာစ်မြစ်ကိုဆိုလို
ကာ သူ့ရဲ့ သဘာဝကို ဆက်ခံထားသည် ။
ဲဒီလူ မေးခွန်းကိုမေးနိုင်တယ်ဆိုကတည်းက ...
"စည်းမျဉ်းတွေ" က ဒီအဖြေအပေါ် သူ့ရဲ့ သိရှိ
နှံ့စပ်နေမှုကို အသိအမှတ်ပြုနေခြင်းပင်။
သူ့နဲ့ မျက်နှာချင်းဆိုင်က တုကျဲ့ ၏ မထုံတက်သေး
မျက်နှာကိုကြည့်ရင်း ... လူသားနတ်ဘုရား၏
နှလုံးခုန်သံတွေ မူမမှန်ဖြစ်လာခဲ့သည် ...
အဲဒီလူရဲ့ မေးခွန်းကိုကြည့်မယ်ဆိုရင် ... သူက
Soth ဘာဆိုဘာမှမသိတဲ့ ဒီကမ္ဘာရဲ့ အနှစ်သာရ
ကို သိနေတဲ့သဘောလား ?
အသိပညာ ဘုရားကျောင်း ထူးဆန်းစွာပင် တိတ်
ဆိတ်‌နေခဲ့သည် ။ တုကျဲ့ နောက်လှည့်မကြည့်ပေ
မယ့်လည်း အကုန်လုံးရဲ့ အကြည့်တွေက သူ့
‌နောက်ကျောဆီမှာ တွယ်ငြိနေတာကို သူခံစားမိ
သည် ။ အတွေးနွံနစ်နေသည့် နတ်ဘုရားကို သူ
စိုက်ကြည့်လိုက်သည် ...သို့သော် သူ ညစ်ပတ်
ထားတာဖြစ်၍ သူ တစ်စက်ကလေးမှကို မစိုးရိမ်
‌ပေ - သူတစ်ယောက်တည်းကသာ ဒီကမ္ဘာက
" Mixed Blood " လို့ခေါ်သည့် ဝတ္ထု
တစ်ပုဒ်ဖြစ်ကြောင်းကိုသိသည် ။
အရေးကြီးဆုံးကတော့ ... အကယ်၍ Soth
အဖြေကို သိရင်တောင်မှပဲ ... ထုတ်ပြောဆိုခြင်း
ကနေ သူတားမြစ်ခံရမှာပင် ။ ထို့ကြောင့် ...
မေးခွန်းကို Sothဖြေနိုင်စရာအကြောင်း မရှိပေ ။
မသိနိုင်ဘူး ... ထုတ်ပြောလို့မရဘူး ။ ဒါက
ဒီလောကရဲ့ အပြင်ဘက်မှာ ပုန်းကွယ်နေသည့်
အမှန်တရားပင် ။
တုကျဲ့ စောင့်နေစဉ်မှာ ... အရှင် Soth သက်ပြင်း
ချလိုက်သည် ။“အဖြေအဖြစ် ' သဘာဝ
အင်အားစု ' ‌တွေကိုပဲ ကျွန်ုပ် စဉ်းစားလို့ရတယ်
... ဒါပေမယ့် အဲတာ မမှန်ကန်မှန်း ကျွန်ုပ် သိပါ
တယ်”