Ep 58( Zawgyi& Unicode)
7.7K 1.1K 56
Chapter 31.1 - Protagonist: Hold me then sit on it.
ဝင်ခွင့်ကတ်နှစ်ကတ်ကို နတ်ဆိုးတံခါးစောင့်ဆီ
ရှို့ ပေးလိုက်သည် ။တုကျဲ့ နှင့် ရှို့ ရယ် နတ်ဆိုး
ညီအစ်မတွေကို ပြန်မကြည့်ခင်မှာ နတ်ဆိုးက
ဝင်ခွင့်ကတ်တွေကို အစစ်ဟုတ်မဟုတ် စစ်ဆေး
လိုက်သည် ။
" လူနှစ်ယောက်ပဲ ဖြတ်သွားခွင့်ရှိမယ် "
တုကျဲ့ နဲ့ သူကိုယ်သူ ရှို့ လက်ညိုးညွှန်လိုက်ပြီး
" သူနဲ့ ငါပဲ "
" ကျိကျိ! " တုကျဲ့ ခေါင်းပေါ်က ဖီးနစ်ငှက်ပေါက်
လေးက တကျိကျိနဲ့အော်မြည်ရင်း သူ့ရဲ့တည်ရှိမှု
ကို ဂရုပြုမိလာအောင်လုပ်လိုက်သည် ။
ဂိတ်စောင့်က တုန်ခါနေတဲ့အဝါရောင်အမွှေးပွလုံး
လေးကို ကြည့်လိုက်ကာ
" အဲတာဘာကောင်လဲ? ကြက်လား? "
အဲတာဖီးနစ်ငှက်လို့ ငါပြောရင်...မင်းယုံမှာလား?
တုကျဲ့ မျက်နှာမှာ စိတ်ပျက်မှုတွေပေါ်နေခဲ့သည် ။
သူနိုးလာကတည်းက ထိုကြက်ပေါက်လေးက
သူ့ခေါင်းပေါင်မှာ အိမ်လုပ်ပြီးနေနေတာကို တွေ့ခဲ့
ရသည် ။ဖီးနစ်ငှက်ပေါက်လေးက အခုထိတုန်နေ
ဆဲပေမယ့်လည်း ကျင့်သားရသွားပုံရကာ...တုကျဲ့ 
ရဲ့ အနက်ရောင်ဆံပင်တွေကို သူ့ရဲ့ခြေသည်းတွေ
နှင့် စုနေခဲ့သည် ။ စိတ်တိုင်းကျတဲ့နေရာကို ရှာတွေ့
သွားချိန်မှာတော့ အဲနေရာမှာ အခြေချလိုက်သည် ။
တုကျဲ့ သူ့ခေါင်းပေါ်ကနေဖယ်ချဖို့လုပ်လိုက်တိုင်း
မှာ ဖီးနစ်ငှက်လေးက တုကျဲ့ ရဲ့ဆံပင်တွေကို
ကိုက်ဆွဲပြီး...ခေါင်းမာစွာနဲ့ လွှတ်ပေးဖို့ကို
ငြင်းဆန်ခဲ့သည်။
ဂိတ်ကိုစောင့်ကြပ်နေတဲ့ နတ်ဆိုးက ဖီးနစ်ငှက်လေး
ကို စိတ်မဝင်စားတဲ့ပုံစံနှင့် တစ်ချက်မျှကြည့်ပြီး
နောက်မှာ ဝင်ခွင့်ကတ်တွေကိုထည့်လိုက်သည် ။
ထို့နောက် ခေါင်းလောင်းသံမြည်လာခဲ့သည် ။
ခံတပ်မြို့ရဲ့လေးလံလှတဲ့ တံခါးကြီးက တဖြည်း
ဖြည်းနဲ့ ပွင့်လာခဲ့ကာ အနက်ရောင်ရွံ့ ညွှန်တွေ
သူတို့အရှေ့မှာ ပေါ်လာခဲ့သည် ။ပါးလွှာတဲ့မြူခိုး
တစ်စုက ရွံညွှန်တွေပေါ်မှာ ပျံ့ ဝဲနေခဲ့သည် ။
ပျက်စီးဆုတ်ယုတ်မှုရဲ့အငွေ့ အသက်က အား
ကောင်းနေသည် ။ထိုဟာကတော့ အိန်ဂျယ် နဲ့
နတ်ဆိုးတွေရဲ့ တိုက်ပွဲနေရာ ၊ လူပုလေးတွေနဲ့
မသေမျိုးတို့ရဲ့ တိုက်ပွဲနေရာဖြစ်တဲ့ သေခြင်းရွှံ့ ညွှန်
ပဲဖြစ်သည် ။ပျောက်ဆုံးနယ်မြေထဲကို ဝင်ချင်တဲ့
သူတိုင်း ထိုသေခြင်းရွံ့ ညွှန်အား အရင်ဖြတ်ကို
ဖြတ်ရမှာဖြစ်သည် ။