Ep 72(Zawgyi & Unicode)
6.3K 1K 82
Chapter 37.2 – Reader: I don’t know enough about him yet.
အယ်ရီယယ် ငေးတိငေးမောနဲ့ ခေါင်းငြိမ့်လိုက်
မိသည် ။သူပြောတာကို သူမသိပ်နားမလည်ပေ
မယ့်လည်း...တုကျဲ့ ရဲ့အသံထဲက လေးနက်မှုနဲ့
ခိုင်မြဲမှုကို သူမ ကြားရသည် ။သူ့ရဲ့ ပုံမှန်
မထုံတက်သေးမျက်နှာအမူအရာကို ပြန်ပြောင်း
သွားခဲ့ပြီဖြစ်တဲ့ အနက်ရောင်ဆံပင်နဲ့ကောင်လေး
ကို သူမကြည့်လိုက်ကာ...မနေနိုင်တော့ဘဲ
ကြမ်းပြင်ပေါ်ချရေးလိုက်မိသည်:
[ ရှင့်ရဲ့ခံစားချက်တွေကို ဘာလို့မဖော်ပြချင်
ရဆာလဲဟင်? ရှင်က အမြဲတမ်း ခံစားချက်မရှိတဲ့
မျက်နှာကိုပဲ ပြနေခဲ့တာ]
တုကျဲ့ မျက်နှာက ဟက်ဟက်ပက်ပက်မရှိဘဲ
တည်ငြိမ်နေဆဲပဲဖြစ်ကာ...အကြည့်လွှဲလိုက်ပြီး
အဝေးက နတ်သူငယ်တွေကို ကြည့်လိုက်သည်။
သူတို့တွေအကုန်လုံးကလည်း ချွင်းချက်မရှိ...
အေးစက်စက်နဲ့လှပကာ ၊ စွဲမက်ဖွယ်ကောင်းပြီး
တသီးတခြား နေတတ်ကြသည် ။
" သူတို့မျက်နှာတွေမှာလည်း အမူအရာမှ
မရှိတာ..."
[သူတို့နဲ့က မတူဘူးလေ] အယ်ရီယယ် အဆော
တလျင် နဲ့ ရေးလိုက်သည်:[သူတို့တွေက
အထဲမှာရော အပြင်ရောဘာမှမရှိ ကြဘူး ။
သူတို့မှာ ဖော်ပြစရာခံစားချက်မရှိဘူး]
တုကျဲ့ ငြိမ်သက်နေမိသည် ။တကယ်တော့...
နတ်သူငယ်တွေက အခုလမ်းဆုံးကိုရောက်နေ
ကြပြီး ပြန်ထွက်လာလို့မရတော့ဘူးဆိုတာကို
သူ သိပြီးသားဖြစ်သည် ။ဘဝသစ်ပင်က
ဘာကြောင့် ညစ်ညမ်းသွားရတာလဲ?ဒီအညစ်
အကြေးတွေက ဘာတွေလဲ? ဘဝသစ်ပင်နဲ့
ဆက်သွယ်နိုင်တဲ့နည်းလမ်းကို ဇာတ်လိုက်
ရှာတွေ့သွားချိန်မှာ...သူ အကုန်လုံးကို
သိသွားခဲ့သည် ။
နတ်သူငယ်တွေက သူ့တို့ပျက်စီးရာပျက်စီး
ကြောင်း၏ ဖန်တီးသူတွေပဲ ဖြစ်ကြသည် ။
လှပလှတဲ့မျိုးနွယ်စုက အထင်လွဲခဲ့ကြသည် :
မလိုအပ်တဲ့ခံစားချက်တွေက သူ့တို့ရဲ့တိုးတက်မှု
ကို နှောင်ယှက်လိမ့်မည်ဟု ထင်ခဲ့ကြသည်...
ထို့ကြောင့် နတ်သူငယ်တစ်ယောက်ချင်းဆီက
အသက်အပိုင်းအခြားတစ်ခုကို ရောက်သည်နှင့်
" ဘဝမှတ်တိုင် "ကို ကြုံကြရသည် ။ဘဝသစ်ပင်
ကြီးကို သူတို့တွေမလိုလားအပ်ဘူးလို့ထင်တဲ့
ခံစားချက်တွေကိုပေးခဲ့ကြကာ...နတ်သူငယ်
တွေအကုန်လုံး စိတ်ခံစားချက်နဲ့ ပတ်သတ်တဲ့
အစွဲတွေ ကင်းမဲ့သွားခဲ့ကြသည် ။