Ep 91(Zawgyi &Unicode)
6.4K 1K 92
Chapter 47.2 - Author: Time separates this pair of lovers.
ကံကောင်းတာပဲလား ကံဆိုးတာပဲလား...ဗွီရိုဒီစ့်
က ကြမ်းပြင်ပေါ်ကအဖြူရောင်ပန်းပွင့်တွေနဲ့ သွေး
တွေကို လျစ်လျုရှုထားခဲ့သည်။ သူမရဲ့မျက်နှာ
လွှားဇာကနေတစ်ဆင့်...အီနောခ့်ကို သူမစိုက်
ကြည့်လို့ရနေခဲ့သည် ။
" ကောင်လေး...တခြားသူတွေဆီကနေ မခိုးရဘူး
လို့ မင်းမိဘတွေသင်မထားဘူးလား? "
" ကျွန်တော် တောင်းပန်ပါတယ် " အီနောခ့်
မာဆတ်ဆတ်နဲ့ ပြန်ဖြေလိုက်သည် ။
" ကျွန်တော့်မှာ မိဘတွေမရှိဘူး...အသက်မကြီး
တဲ့ ဆရာတစ်ယောက်ပဲရှိတယ် "
" မင်းဆရာ ဘယ်သူလဲ? "
" ဂျက်...သူခိုးတွေရဲ့ ဘုရင် "
နာမည်ကြီး အဂ္ဂိရတ်ဆရာမနဲ့ ဂျက်နဲ့က အရမ်း
ရင်းနှီးတဲ့သူငယ်ချင်းတွေ ဖြစ်ခဲ့ကြမှန်းသိသော
ကြောင့်...အီနောခ့် အမှန်အတိုင်းဖြေလိုက်သည် ။
ဟိုအတိတ်တုန်းက သူတို့အတူ စွန့်စားခန်းတွေ
အများကြီးဖြတ်ကျော်ခဲ့ကြသည်...သူတို့တွေ
ကတောက်ကဆဖြစ်ပြီး လမ်းမခွဲခဲ့ကြခင်အချိန်ထိ
တစ်ယောက်ကိုတစ်ယောက် ကယ်တင်ဖို့ရန်
အတွက် ကိုယ့်အသက်ကိုပင် အရဲစွန့်ခဲ့ကြသည် ။
ဒီအကြောင်းကို သူခိုးတွေရဲ့ ဘုရင်ပြောတာ
အီနောခ့် ဘယ်တုန်းကမှမကြားဖူးခဲ့ပေမယ့်...
သူ့ရဲ့ အလုပ်သင်ကာလ မပြီးမြောက်သေးခင်မှာ
ဒီတာဝန်ကို ပြီးဆုံးအောင်လုပ်ဖို့ ဘာကြောင့်
တာဝန်ပေးခံရသလဲဟု သူတွေးကြည့်လိုက်တော့
...သူ့ဆရာမှာ ဖုံးကွယ်ထားတဲ့ အစီအစဉ်ရှိနေ
တာမှန်း သိလာခဲ့ရသည် ။
ဗွီရိုဒီစ့်ရဲ့တုံ့ပြန်မှုက အီနောခ့်၏ မှန်းဆချက်
မှန်ကန်ကြောင်း အတည်ပြုပေးလာခဲ့သည်...
ဒါပေမယ့် သူမရဲ့တုံ့ပြန်မှုက ဒီလောက်ကြီးထိ
ပြင်းထန်လိမ့်မည်ဟု အီနောခ့် မထင်ထားခဲ့မိပေ ။
ထိုနာမည်ကို အဂ္ဂိရတ်ဆရာမ ကြားချိန်မှာ...သူမ
သစ်ရွက်လေးလိုမျိုး စတင်တုန်ရီလာခဲ့သည် ။
"... ငါ့နာရီပြန်ပေးပါ "
အီနောခ့် တစ်ခုခုပြောချင်ပေမယ့်...ဗွီရိုဒီစ့်က
သူမအသံကို ငယ်သံပါလောက်တဲ့အထိ မြှင့်လာ
ခဲ့သည်: " ငါ့နာရီကို ပြန်ပေး! "