Ep 41(Zawgyi & Unicode)
8K 1.2K 102
Chapter 22 - Author: In YY novels, lilies can be straightened
တုကျဲ့ မျက်မှန်ကို ရှို့ ချွတ်လိုက်ပြီး..
တုံ့ပြန်ချိန်မရလိုက်ခင်မှာပဲ တုကျဲ့ က လှဲချခံလိုက်ရ
ပြီး..ကုတင်ပေါ်မှာ သူ့အပေါ်ကရှို့ နှင့်အတူ ပက်လက်
ကလေးလဲသွားခဲ့သည် ။
လစ်ခ်ျ့ ရဲ့ ကွေးကောက်နေတဲ့ ဆံပင်အနက်ရောင်
အရှည်ကြီးတွေက သူ့ရဲ့ဖြူဖျောတဲ့ပုခုံးပေါ်မှာ
ကျဆင်းနေခဲ့သည် ။တုကျဲ့ အအေးဒဏ်ကြောင့်
တုန်ရီပြီးခွေသွားမှာကိုမစောင့်တော့ဘဲ...ရှို့ ငုံ့ပြီး..သူ့
နှုတ်ခမ်းတွေကို နမ်းလိုက်သည်။
သူတို့နှုတ်ခမ်းတွေထိတွေ့မိတာ ဒါပထမဆုံးအချိန်
တော့မဟုတ်ပေ။သူတို့တွေ ပထမဆုံးစတွေ့ကြစဉ်က
နတ်ဘုရားရုပ်တုအောက်မှာလဲနေခဲ့တဲ့ အရိုးစုက
အနက်ရောင်ဆံပင်နဲ့ကောင်လေးက သူ့ဆီလျှောက်
လာပြီး...ငုံ့ချကာ..သူ့ကိုနမ်းတာကို ကြည့်ရုံပဲကြည့်
နေခဲ့ရသည် ။ထိုအချိန်တုန်းက ရှို့ ကို တုကျဲ့ 
ကယ်တင်ခဲ့သည်။
အခုချိန်မှာတော့ အနက်ရောင်ဆံပင်နဲ့ကောင်လေး
မှာ ဖြူဖတ်ပြီးချောမောတဲ့လစ်ခ်ျ့ က ငုံ့ချပြီး...သူ့ကို
နမ်းတာကို ကြည့်ရုံပဲကြည့်နေနိုင်ခဲ့သည်။အခုတော့
တုကျဲ့ က ရှို့ ရဲ့ကယ်တင်ခြင်းကို ခံနေရတာဖြစ်
သည်။
တူညီတဲ့လူနှစ်ယောက်...တူညီတဲ့အပြုအမူနဲ့
တူညီတဲ့ရည်ရွယ်ချက်ပဲဖြစ်ပေမယ့် ဦးဆောင်တဲ့လူ
ကမတူသောကြောင့်...လှုပ်ရှားမှုတွေက အရမ်းကို
ကွဲပြားသွားသည်။
ပထမဆုံးအကြိမ်တုန်းက...တုကျဲ့ က"ငါသူ့ကို
ကယ်ချင်တယ်..သူခံစားရတာကို မလိုချင်ဘူး "
ထိုအတွေးနှင့် သူ့ရဲ့ဝိညာဉ်ကို ရှို့ ဆီပေးခဲ့သည်။
အဲကတည်းက အချိန်တွေအများကြီးကုန်ဆုံး
သွားခဲ့ပေမယ့်...အခု ရှို့ မှာ တူညီတဲ့အတွေးရှိနေပြီ
ဖြစ်သည်။သူ့မျက်လုံးတွေထဲက ဝိညာဉ်မီးတောက်
တွေက သူ့မျက်ခွံတွေကိုအနည်းငယ်ငုံ့ချလိုက်တော့
လှုပ်ရှားသွားခဲ့ပြီး...သူ့ရဲ့အာရုံတွေအကုန်လုံးကို
သူ့ရဲ့သားကောင်ပေါ်မှာသာ စုစည်းထားခဲ့သည်။
ထိုသူက...အရမ်းကိုအရေးပါသည် ။
ရှို့ ရဲ့ရေခဲလိုအေးစက်တဲ့ နှုတ်ခမ်းပါးလေးတွေကို
သူ့နှုတ်ခမ်းပေါ်မှာ တုကျဲ့ ခံစားလိုက်ရသည် ။လစ်ခ်ျ့ရဲ့လျှာက သူ့ခံတွင်းထဲကိုဝင်လာချိန်မှာ...သူ
ဘာလုပ်လို့လုပ်ရမှန်းမသိတော့ပေ ။ဒါက ရှို့ ရဲ့
ဝိညာဉ်ကိုစုပ်ယူတဲ့နည်းလမ်းဖြစ်ပြီး...သူ့ကို
ကယ်နေတာမှန်း ...သူသေချာကိုသိပေမယ့်လည်း
တခြားတစ်ယောက်ရဲ့ နှုတ်ခမ်းတွေနဲ့ လျှာရဲ့
အပြုအမူမှာ မတူညီတဲ့အဓိပ္ပါယ်တွေရှိနေတတ်
သည်။