Ep 73(Zawgyi & Unicode)
6.5K 1.1K 66
Chapter 38.1 – Protagonist: You will eventually come back to me.
လူပုံစံသွေးနီရောင် မှော်စာတွေနဲ့ဖုံးလွှမ်းနေတဲ့
သတ္တဝါကြီးက တောအုပ်ရဲ့စုပ်ယူခြင်းကို
ခံလိုက်ရသလိုမျိုး အရိပ်အယောင်တစိုးတစိ
မျှတောင်မကျန်ဘဲ ပျောက်ကွယ်သွားခဲ့သည် ။
Zaphionရဲ့ပုခုံးပေါ်မှာ ရှို့ ထိုင်ရင်းနဲ့ မေးပေါ်
လက်တင်ကာ တွေ့ရှိချက်ကို လေးလေးနက်နက်
နဲ့ တွေးတောစဉ်းစားနေခဲ့သည် ။ သွေးစာချုပ်
သားရဲကို သူပြန်ခေါ်ရတာ ဒါငါးကြိမ်မြောက်ဖြစ်
သည် ။သူရှာနေတဲ့ထိုသူက အဲဒီထဲမှာဆိုတာ သူ
သိသည်...သွေးစာချုပ်သားရဲက အတားအဆီးမရှိ
ဝင်ရောက်နိုင်ပေမယ့်လည်း...နတ်သူငယ်
တောအုပ်တစ်ခုလုံးက မကြိုဆိုတဲ့ဧည့်သည်
တွေကို အဝေးသို့နှင်လွှတ်နေတဲ့ ကြီးမားတဲ့
မှော်အစီအရင်ကြီးလို ဖြစ်နေခဲ့သည် ။
အဲလိုဖြစ်နေမှတော့ ဖျက်ဆီးရုံပဲရှိတော့တာပေါ့။
ဝါလဲ့လဲ့ဆံပင်လေးနဲ့ လူပုလေး မတ်မတ်ပြန်ထိုင်
လိုက်ကာ...သူ့အရှေ့က စိမ်းလန်းစိုပြည်နေတဲ့
တောအုပ်ကြီးကိုကြည့်ပြီး စက်ရုပ်ရဲ့ခေါင်းကို
ပုတ်လိုက်သည် ။
အခုကနေစပြီး ပျက်စီးကုန်းမြေမှာ နတ်သူငယ်
တောအုပ်ဆိုတာ မရှိစေရတော့ဘူး ။
***
နေရောင်ခြည်တွေက သစ်ပင်တွေရဲ့ယှက်လိမ်နေ
သည့် အကိုင်းခက်တွေကြားကနေ ဖြာကျနေခဲ့
ကာ အမိုးမဲ့ယဇ်ပလ္လင်ကို အလင်းရောင်ပေးနေခဲ့
သည်....လက်ရာမြောက်တဲ့ ရုပ်တုက ပန်းပွင်တွေ
နဲ့ သစ်သားကိုင်းတွေနဲ့ လုပ်ထားတဲ့ခြံစည်းရိုးတွေ၊
သစ်ရွက်တွေဖြင့် ကာရံထားခဲ့သည် ။စက်ဝိုင်းပုံစံ
ယဇ်ပလ္လင်ပေါ်က ရွှေဝါရောင်သစ်ကိုင်းက
ရေကန်သေးသေးလေး အထက်မှာ တွဲလောင်း
ကျနေခဲ့သည် ။
အချိန်အတော်ကြာပြီးနောက်မှာ...ရွှေရောင်
အရည်တစ်စက်က သစ်ကိုင်းကနေပြီး ရေကန်ထဲ
သို့ ကျသွားခဲ့သည် ။ရေကန်က သိပ်တော့မကြီး
ပေ ။သူ့ရဲ့ အချင်းဝက်ကသုံးမီတာလောက်ရှိပြီး...
ဘဝသစ်ပင်ရဲ့သစ်စေးဖြစ်တဲ့ ရွှေရောင်အရည်တွေ
နှင့် ပြည့်နေခဲ့သည် ။ဒဏ္ဍာရီအရ... ထိုသစ်စေး
တစ်စက်က လူတစ်ယောက်ကို သူ့ရဲ့အခြေအနေ
အားအထွတ်အထိပ်ကိုရောက်စေပြီး...သူ့ရဲ့
ရုပ်ပိုင်းဆိုင်ရာကို အားကောင်းလာစေနိုင်သည် ။