Ep 119 & 120(Zawgyi &Unicode)
6.8K 913 136
Chapter 62.1 - စည်းမျဉ်းတွေ :
နတ်ဘုရားမျှော်စင်ကို တည်ဆောက်လိမ့်မယ် ။
နတ်ဘုရားတွေအကုန်လုံးနီးပါး ပျက်စီးကုန်း‌မြေ
ဆီ ဆင်းသက်သွားကြပေမယ့်လည်း ...
နတ်ဘုရားလောကမှာ နေရစ်ဖို့ရွေးချယ်ခဲ့တဲ့
သူအချို့လည်းရှိသည် ။
သူတို့တွေထဲကတစ်ယောက်ကတော့ အရှင်
Soth ဖြစ်သည် ။သူ့ရဲ့သစ်သားတောင်ဝှေးရှည်
ကို သူ ကြည့်လိုက်သည် ။တောင်ဝှေးရဲ့ထိပ်မှာ
အလင်းနတ်ဘုရား အခုလေးတင် နတ်ဘုရား
‌လောက‌ကနေ ထွက်သွားတဲ့အကြောင်းကို ပြသ
‌နေတဲ့ ခရစ်စတယ်လုံးလေးကို မြုပ်သွင်းစီခြယ်
ထားသည် ။'ဒါအခွင့်ကောင်းပဲ ' သူတွေးလိုက်ရင်း
သူ့ရဲ့ ပုံရိပ်က အသိပညာရဲ့ ခန်းမတွေထဲမှာ
‌ပျောက်ကွယ်သွားခဲ့သည် ။
ပျက်စီးကုန်း‌မြေက ခေတ်ခုနစ်ခေတ်ကို ကြုံတွေ့ 
ခဲ့ရသည် ။နောက်ဆုံးခေတ်မှာတော့ လူသား
မျိုးနွယ်က ပျက်စီးကုန်း‌မြေကို စတင်ကြီးစိုးလာခဲ့
သည် ။သူတို့မျိုးနွယ်စုက နောက်ဆုံးသော
လွှမ်းမိုးသူတွေဖြစ်ကြသည့်အလျောက် လူသား
နတ်ဘုရားတွေက အားနည်းကြသည် ။
ထို့ကြောင့် နတ်ဘုရားလောကမှာ အ‌ခြေခိုင်ဖို့ရာ
အတွက် ... လူသားမျိုးနွယ်ရဲ့ နတ်ဘုရားတွေ
နတ်ဘုရား ဘရိုက်၏အုပ်စုဘက်ကို ပူပေါင်းဖို့ရန်
မ‌တုံ့ ဆိုင်းခဲ့ကြပေ ။အလင်းနတ်ဘုရားကို
အခိုင်အမာယုံကြည်တဲ့သူတွေဖြစ်လာခဲ့ကြကာ ...
သူတို့ကို ကိုးကွယ်ကြသည့် သူတွေကိုတောင်မှ
အထောက်အကူပြုက ‌ပေးခဲ့ကြသည် ။
အခြားနတ်ဘုရားတွေက သူ့တို့ကို အလင်း
နတ်ဘုရား၏လက်ပါးစေတွေဟုဆိုကာ ‌အမြဲတမ်း
လှောင်ရယ်ကြတာကို သိပေမယ့်လည်း ...
သူတို့ ဂရုမစိုက်ပေ ။ဒီနည်းလမ်းက သူတို့အတွက်
အကောင်းဆုံး အကျိုးအမြတ်ကို ‌ပေးတယ်ဆိုရင်
... ဘာလို့ မလုပ်ပဲနေရမှာလဲ ?
-- ဒါ‌ပေမယ့် အရှင် Soth ကတော့ အလင်း
နတ်ဘုရားကို အနှိုင်းမဲ့နတ်ဘုရားအဖြစ်
ဘယ်တုန်းကမှ မသတ်မှတ်ခဲ့ပေ ။အခုချိန်မှာ‌
‌တော့ ပလ္လင်ထက် အလင်းနတ်ဘုရားထိုင်နေပေ
မယ့်လည်း ... အလင်းနတ်ဘုရား၏ ထိုနေရာကို
သူယူနိုင်ဖို့ အချိန်ပိုင်းပဲလိုတော့သည်ဟု အရှင်
Soth ယုံကြည်သည် ။