Ep 28(Zawgyi & Unicode)
7.9K 1.2K 28
Chapter 15.2 – Protagonist: Do not leave my line of sight.
တုကျဲ့ ဒီနတ်ဆိုးကိုသိသည်..ဘာလို့ဆို"Mixed
Blood"မှာ သူက ဆန်းကြယ်တဲ့ဇာတ်ပို့
ကာရိုက်တာတစ်ယောက်ဖြစ်၍ဖြစ်သည်။
သူက ဇာတ်လိုက်နဲ့အရောင်းအဝယ်ခဏခဏ
လုပ်ခဲ့တဲ့ စီးပွားရေးသမားတစ်ယောက်ဖြစ်သည်။
အကြိမ်တိုင်းနှစ်ဖက်စလုံး အကျိုးအမြတ်ရကြသည် ။
သူကို့ ဒန်လို့ခေါ်သလားပဲ?
ဇာတ်လိုက်နဲ့ ဒန်ရဲ့တွေ့ဆုံပုံက အမြဲတမ်းပုံမှန်နဲ့
ကွဲပြားနေတတ်သည် ။မြို့ရဲ့လမ်းပေါ်မှာလျောက်
သွားရင်းနဲ့ မှော်ပစ္စည်းတွေလို့ထင်ရတဲ့သာမည
ပစ္စည်းတွေကို တုကျဲ့ အများကြီးတွေ့ရသည် ။
တုကျဲ့ ရဲ့မျက်လုံးတွေက ခင်းကျင်းပြထားတဲ့
သေတ္တာတွေအများကြီးဆီမှာ ဆွဲငင်ခံလိုက်ရသည်။
ဒန် ခင်ကျင်းတဲ့အထဲမှာအမြဲတမ်းသေတ္တာတွေ
ပါတတ်သည် ။ကုန်သည်က အထဲမှာဘာရှိမှန်း
ဘယ်တော့မှပြမထားဘူးဖြစ်သည် ။
သေတ္တာထဲမှာ ဘာပါလဲဆိုတာသိချင်ရင်...
အရင်ဝယ်ရသည် ။
ဇာတ်လိုက်ရဲ့ ကံဇာတာကကောင်းကင်ရဲ့အလိုတော်
ကိုတောင် ချိုးဖောက်သွားတာဆိုတော့...သူယူလိုက်
တဲ့ သေတ္တာထဲမှာ ရှေးဟောင်းပစ္စည်းတစ်ခု ပါလာခဲ့
သည် ။
မို့်တောင်းဖန်းယွီ (ဆန္ဒတောက်လောင်နေတဲ့နတ်ဆိုး
ဓား) ကိုရခဲ့သည် ။
အဲပစ္စည်းနဲ့ပတ်သတ်ပြီး readersတွေကြားမှာ
မြောင်မြောင်ကြယ်တုန်းကလိုပဲ ကြီးကျယ်တဲ့
အငြင်းပွားမှုတွေဖြစ်ခဲ့ကြသည် ။အဲဒီ နတ်ဆိုးမီးလျှံ
တိုက်ခိုက်မှုပုံစံက အိန်ဂျယ်တွေကိုအရမ်းအထိ
နာစေပြီး...ကုသဖို့ခက်ခဲတဲ့ဒဏ်ရာကိုဖြစ်စေသည် ။
ပြီးတော့ နာမည်အတိုင်းပဲ ကိုင်ဆောင်သူရဲ့စိတ်ဆန္ဒ
တွေကို ကြီးထွားတောက်လောင်စေပြီး...လက်နက်
ကိုင်ဆောင်သူက သွေးဆာနေတဲ့အရူးတစ်ယောက်
ဖြစ်သွားတဲ့အထိ ထိန်းချုပ်တတ်သည် ။ဇာတ်လိုက်က
ဓားရဲ့ထိန်းချုပ်ခြင်းကိုမခံရပေမယ့်လည်း...ပိုပြီးတော့
လူမဆန်လာခဲ့သည် ။
ရီရယ်ကျီချိုး အဲတာဘယ်လိုလုပ်ဆောင်လဲဆိုတာ
ရှင်းပြလာချိန်မှာ...readersတွေက author
နည်းလမ်းတွေကို ထုံထိုင်းပြီးနေသားကျနေပြီဖြစ်
သည် ။