Ep 35( Zawgyi & Unicode)
9.3K 1.3K 263
CHAPTER 19 - DOUJINSHI: YOOOOOO ~
(အဟမ်း..အဟမ်း..ဒီအပိုင်းမှာလေ matureပါပါ
တယ်လို့..မဖတ်ရဲကြသူများ ကျော်ပြီးဖတ်ကြပါနော်
😁😁😁)
တုကျဲ့ ကို ရှို့ ပွေ့လိုက်ပြီး...အရှိန်မြှင့်၍ပျံလိုက်သည်။
ကျောက်ဘီလူးကြီးကိုဖျက်ဆီးဖို့အတွက် လျှပ်စီးကို
သူသုံးလိုက်ချိန်မှာ...သူ့ကိုယ်ထဲမှာ အလွန်အမင်း
ပင်ပန်းနွမ်းလျသွားခဲ့သည် ။
ဖျက်ဆီးမှုစွမ်းအားက အရမ်းကိုခြယ်လှယ်ပြီး
ထိတ်လန့်စရာကောင်းသည် ။သူစုပ်ယူတဲ့စွမ်းအား
က ရှို့ တောင့်ခံနိုင်ဖို့ရန်အရမ်းများလွန်းသည် ။
အဲအချိန်တုန်းက...သူ့ကိုတစ်စုံတစ်ရာက ထိန်းချုပ်
ထားသလိုခံစားရသည် ။လက်လေးတစ်ချောင်း
တောင် မမြှောက်နိုင်တော့တဲ့ထိကို သူ့ခန္တာကိုယ်ကြီး
က ပင်ပန်းနေပေမယ့်လည်း...သူ့စိတ်ဝိညာဉ်က
တော့ အရမ်းတက်ကြွနေခဲ့သည်။သူ့ရဲ့ပင်ပန်းမှုကိုပင်
စိတ်တက်ကြွမှုကဖုံးအုပ်သွားပြီး...သူ့ကိုဆက်ပြီး
တိုက်ခိုက်နေဖို့ရန်အားပေးနေခဲ့သည် ။
တုကျဲ့ ကိုသူပွေ့ဖက်လိုက်ချိန်မှာ...အဲဒီမူမမှန်တဲ့
ခံစားချက်ကတဖြည်းဖြည်းနဲ့ ကွယ်ပျောက်သွားတော့
သည် ။သူ့အခြေအနေကို ထိန်းချုပ်ဖို့အတွက်..တုကျဲ့ 
ကိုပွေ့ချီပြီးပျံပြေးဖို့သာ သူတတ်နိုင်ခဲ့သည် ။
အသုံးပြုလို့မရတဲ့ အနီရောင်မြေရိုင်းနဲ့ခရမ်းရောင်
ကောင်းကင်ကြားက နယ်နိမိတ်ကြားမှာအဖြူရောင်
အလင်းတန်းတစ်ကြောင်းပေါ်လာခဲ့သည် ။ထိုနားသို့
နီးကပ်လာလေလေ...အဖြူရောင်မျဉ်းကြီးက
တဖြည်းဖြည်းထင်ရှားလာခဲ့သည် ။ရှို့ မျက်စိရှေ့မှာ
မရေတွက်နိုင်တဲ့ အဖြူရောင်အရိုးစုတွေ ပေါ်လာခဲ့
သည်။အဖြူရောင်အရိုးစုတွေက အနီရောင်မြေသား
ကို အစားထိုးသွားပြီး...သူတို့တွေ ခရမ်းရောင်
ကောင်းကင်ကိုထိစပ်သွားတဲ့အထိ မိုးကုပ်စက်ဝိုင်း
တစ်လျှောက်ပျံ့ နှံ့ နေပုံက အရိုးစုသမုဒ္ဒရာလို
ဖြစ်နေခဲ့သည် ။
ထိုအချိန်မှာပဲ ရှို့ သူ့ခံနိုင်ရည်အဆုံးကိုရောက်လာ
ခဲ့သည် ။လဲလျောင်းလို့ရတဲ့ ပုန်းခိုဖို့နေရာလေးကို
သူရှာလိုက်ပြီး...သူ့အတောင်ပံတွေကိုသိမ်းလိုက်ကာ
တုကျဲ့ ကို မြေပြင်ပေါ်ချလိုက်သည် ။