Ep 68(Zawgyi & Unicode)
6.7K 1.1K 126
Chapter 35 - Reader: A dialogue option triggered a bloodbath.
မကောင်းတော့ဘူး...အီရစ်ခ် ပျာယာခတ်သွား
ခဲ့ကာ..အနေအထားကို ပေါ့ပါးသွားအောင်
လုပ်ချင်မိသည် ။
သူ တုကျဲ့ နဲ့ ရှို့ ကိုကြည့်လိုက်ပြီးနောက်..အလေး
အနက်ထားကာပြောလိုက်သည်...
" ကျွန်တော် အလွန်ကိုတောင်းပန်ပါတယ်...
ကျွန်တော်ရဲ့ အသင်းဖော်က စိတ်လိုက်မာန်ပါရှိ
တတ်လို့်ပါ...ဒါပေမယ့် ကျေးဇူးပြုပြီး သူ့ကို
စိတ်ထဲမထားပါနဲ့...သူက တကယ့်ကို
အန္တရယ်မရှိပါဘူး "
အီရစ်ခ် အလွန်ပင်အားတုံ့အားနာဖြစ်မိသည် ။
ရွှေအိုရောင်နဲ့ကောင်လေးက သူ့ရဲ့ ချစ်ကြည်
ရင်းနှီးမှုကို ဖော်ပြလာခဲ့သည်... " ကျွန်တော်
ခင်ဗျားကို လေးစားပါတယ် "
တုကျဲ့ ချက်ချင်းဆိုသလို ကျောချမ်းသွားခဲ့မိ
သည်။သူ့လည်ပင်းနားက ရှို့ ရဲ့လက်တွေက
အရမ်းကိုတင်းကြပ်လွန်းသောကြောင့် မကြာခင်
မှာ သူ့ခေါင်းပြုတ်ထွက်သွားမလား ကြောက်နေမိ
သည် ။
" နောင်တရမိတယ် " ရှို့ အသံကမကျယ်ပေ
မယ့်လည်း လူတိုင်းပြတ်ပြတ်သားသား
ကြားလိုက်ရသည် ။
" ခင်ဗျားတို့တွေ အခုသေကြရတော့မယ်...
ဟုတ်တယ်မလား ?"
နောက်ဆုံးစာကြောင်းမှာ မကောင်းတဲ့အဓိပ္ပါယ်
တွေနှင့် ပြည့်နေခဲ့သည်...ထို့နောက် လူပုလေး
က သူ့ခေါင်းကိုတစ်ဖက်သို့စောင်း၍ အညိုရောင်
ဆံပင်နဲ့ လူကို အကြည့်တစ်ချက်ပေးကာ
အမိန့်ပေးလိုက်သည်..." သူတို့တွေကို
သတ်လိုက် "
...ဘာဖြစ်နေတာလဲ... ချစ်စရာသခင်လေးရဲ့?
ချစ်စရာကောင်းတဲ့ readerလေး ပြောခဲ့တဲ့
စကားတွေကို အသည်းအသန်ပြန်စဉ်းစားလိုက်
သည်...ပြဿနာမရှိပါဘူး...စကားပြောတွေ
အဆင်ပြေတယ်မဟုတ်ဘူးလား?
အဲတာဆို သူပေါက်ကွဲရလောက်အောင်ထိ
ဘယ်ဟာကများ ဇာတ်လိုက်ရဲ့ဒေါသကို သွားဆွ
ပေးလိုက်တာလဲ...နတ်သူငယ် နဲ့ လူပုလေး
တွေရဲ့ G -sportက မတူတာများလား?
မူရင်း "Mixed Blood "ထဲက နှစ်သက်မှုကို
တိုးစေတဲ့ နည်းလမ်းကတော့...အသွင်မတူတဲ့
ဇာတ်လိုက်ရဲ့ ပုံစံတွေက မတူညီတဲ့စကားပြော
တွေ လိုအပ်သည်!