Ep 163 & 164(Zawgyi &Unicode)
5.9K 647 128
Chapter 81.1 – ဇာတ်လိုက် : စကေးတစ်ခု
အသစ်တိုးခြင်း
ရှို့ သာ doujinshi အ‌ကြောင်းကို ဟမလာခဲ့
လျှင်...သူသာ ရှင်းထုတ်ပစ်လို့ရရင် ရှင်းပစ်
လိုက်မှာဖြစ်တဲ့ ထိုကဲ့သို့သော သေစေနိုင်လောက်
သည့် လက်နက်ကို သူ သယ်ပြီးသွားနေခဲ့မှန်း
တုကျဲ့ မေ့တောင်နေပြီဖြစ်သည် ။
အူ‌ကြောင်ကြား ချစ်စရာကောင်လေးရဲ့ အခု
လက်ရှိ စိတ်အခြေအနေကတော့ အလွန်တရာ
ကို ခါးသီးနေခဲ့သည် ။
ငါတို့ရဲ့ စစ်တပ်က မပြည့်စုံတာ‌ကြောင့် မဟုတ်ဘဲ
ရန်သူကိုက ကလိမ်ကကျစ် ကျလွန်းနေတာ ။
ခက်ခဲမှုအတိုင်းအတာက အခုအတော်လေးကို
မြင့်တက်သွားခဲ့ပြီဖြစ်ပြီး ... ဥပါယ်တံမျဉ်သုံး
နေသည့် ချစ်စရာသခင်လေးနှင့် ရဲရဲဝင့်ဝင့်
ရင်ဆိုင်ဖို့ရာ သူ့ ကိုယ်သူပြင်ဆင်လိုက်သည် :
လူတစ်ယောက်ကို ငါးပေးရင်ပေး ဒါမှမဟုတ်
သူ့ကို ငါးဖမ်းနည်းသင်ပေးရင်ပေး -
doujinshiကနေ သင်ယူပြီးသွားတာနဲ့ ...
ကိုယ်တို့တွေ ဖြေးဖြေးချင်း ထပ်ကစားလို့ရပြီ ။
တုကျဲ့ ရုတ်တရက်ဆိုသလို ဝမ်းနည်းစရာ
တစ်ချက်ကို နားလည်သွားခဲ့သည် ။
ရှို့ က သူ့ကိုလှဲချနေခဲ့ပြီ ... မွေးနေ့ ဆုတောင်း
ကို အဲတာအတွက် သူ သုံးဖို့ရာ လိုလို့လား ?
ချစ်စရာသခင်လေး၏ H level က နည်းနည်း
လေးထိရုံ လျက်ရုံနဲ့တင်ကို ငြင်းဆန်ဖို့မဖြစ်နိုင်
တော့တဲ့ အနေအထားထိကို တိုးတက်နေပြီးသား
လေ ။ ချစ်စရာသခင်လေးရဲ့ H စကေးတွေက
ဒီလောကက အပြင်ဘက်ထိတောင် ကျော်လွန်
နေပြီးသားကို ... မထင်မှတ်ဘဲ  ... အဲဒီ
အဝါရောင် ( အမာခံ ) စာအုပ်ကို သူအခုထိ
အမှတ်ရနေတုန်းပဲလား !
တုကျဲ့ ၏ မျက်ဝန်းတွေထဲက နက်ရှိုင်းကာ
အူလှိုက် သည်းလှိုက် နာကျင်မှုတွေကို ‌သတိ
ထားမိသွားပြီး ...ရှို့ အသေးစားလေး သူ့
ခေါင်းကို အနည်းငယ်စောင်းကာ မေးလိုက်
သည် : " မရဘူးလားဟင် ?"
… ချစ်စရာသခင်လေးရယ် ... ဒီစာအုပ်က
အလွန်ကို မကောင်းဆိုးဝါးဆန်တဲ့ ပစ္စည်းဆိုတာ
မသိလေရော့သလား ! ဒါ ကလေးတွေ ဖတ်သင့်
တဲ့ဟာ မဟုတ်ဘူး !
သူ့ရဲ့ ကတိကို စောင့်ထိန်းရမယ့် လူတစ်ယောက်
အနေနဲ့ ... သူကိုယ်တိုင်တူးထားတဲ့ သေတွင်း
ထဲကို ခြေတစ်လှမ်းချနှင့်ပြီးမှန်း သိနေပါသော်
လည်း ... သေခါနီးဆဲဆဲ လူတစ်ယောက်၏
ဆန့်ငင်ဆန့်ငင် ဖြစ်နေတဲ့အချိန်အခါလိုမျိုး ...
လွတ်မြောက်ဖို့ရာအတွက် နောက်ဆုံးသော
အားထုတ်မှုလေးကို တုကျဲ့ လုပ်လိုက်သည် :
“ အဲဒီ့စာအုပ်က ... မကောင်းဘူး ”