Ep 169&170(Zawgyi & Unicode)
6K 692 54
Chapter 83.2 – Reader: အရှက်ကင်းမဲ့တဲ့ ကစားနည်း ။
ရှို့ လစ်ဟာနေသည့်အပိုင်းကို အပြီးသတ်၍
မပြီးခင်အထိ သူတို့ ‌ရှေ့သို့ လူပုနတ်ဘုရားတွေ၏
အုပ်ချုပ်သူ ထပ်ပေါ်မလာခဲ့ပေ ။
သူ့မျက်နှာထက်မှာ ရှုပ်ထွေးနေသည့်အမူအရာ
တြွေဖင့် သူတို့နှစ်ဉီးကို Garl ငေးကြည့်နေမိ
သည် ။ ရှို့ လစ်ဟာနေသည့်အပိုင်းကို အခြား
ထိန်းချုပ်မှုစင်တာ‌တွေနှင့် အလိုအလျောက်
‌ပေါင်းစပ်သွားကာ ဘယ်တုန်းကမှ တကွဲတပြား
ဖြစ်ဖူးဟန်အရိပ်အယောင် လုံးလုံးမရှိသော
Kabbalah ၏ထိန်းချုပ်မှုဗဟိုရဲ့ အလယ်မှာ
ထားလိုက်သည် ။
ငလျင်က လူပုမြို့တော်ပျက်တစ်ခုလုံးကို လှုပ်ခါ
သွားစေချိန်မှာ မြေပြင်စတင်၍ တုန်ခါလာခဲ့ပြီး
... နောက်မှာတော့ လူပုမျိုးနွယ်စု၏ အကြီးမား
ဆုံးသော အပြောင်မြောက်ဆုံးလက်ရာဖြစ်သည့်
စက်ရုပ် Kabbalah နိုးထလာတော့သည် ။
တစ်ချိန်တည်းမှာပဲ ခပ်လှမ်းလှမ်းနေရာမှာ
လိမ္မော်ရောင်အလင်းတိုင်ကြီး ပေါ်လာခဲ့သည် ။
ကျောက်လှေကားထစ်‌တစ်စင်း ပေါ်ပေါက်လာကာ
တစ်စတစ်စနှင့် ပြိုကျလာနေ‌သော လူပုမြို့တော်
ပျက်နှင့် အလင်းတိုင်ကို ဆက်နွယ်ပေးခဲ့သည် ။
ရေချယ် ‌ပြောခဲ့သည့်အတိုင်းဆို ... မျှော်စင်
တက်ကြသူတွေက ကြယ်ရှစ်ပွင့်အဆင့်စက်ရုပ်၏
နောက်ကနေလိုက်ခြင်းကို ခံနေရချိန်အတွင်း
ထွက်ပေါက်မုခ်ဝဆီသို့ အပြေးသွားကြရမှာဖြစ်
သည် ... သူတို့၏တာဝန်က Kabbalah ၏
သတ်ခြင်းကို မခံရခင်မှာ မုခ်ဝဆီ ရောက်ဖို့ရန်
ဖြစ်သည် ။
သို့သော် ... သူ လက်ဆောင်ကို လက်ခံရရှိလိုက်
ကတည်းက ဤဟာက အလွယ်လေးပင် -
ကြောက်ဖက်ဖွယ်ကောင်းကာ အင်အားကြီးမား
သည်ဘ Kabbalah က ရှို့ အတွက်တော့
လက်ဆောင်တစ်ခုမျှသာပင် ။
ဟင်းလင်းပြင်၏အထက်မှာ ဆိုင်းနေသော
လှေကားထစ်ထက် ရှို့ နှင့် တုကျဲ့ မတ်တပ်ရပ်ရင်း
နဲ့ လင်းလက်စွာတောက်ပနေသော ထိန်းချုပ်မှု
ဗဟိုကြီး အလယ်မှာ အက်ကွဲသွားတာကို ကြည့်
နေမိသည် ။
ကြီးမားသည့် ကြယ်ရှစ်ပွင့်အဆင့်စက်ရုပ်ကြီးက
ထိုလဟာပြင်ထဲသို့ ပျောက်ကွယ်သွားခဲ့သည် ။
လူပုမြို့တော်ပျက်တစ်ခုလုံး ရုပ်ချည်းလက်ငင်း
ပျောက်ကွယ်သွားခဲ့ပြီး မှောင်မိုက်သည့် ဟင်းလင်း
ပြင်ကြီးသာ ကျန်ရစ်ခဲ့သည် ။