Ep 51( Zawgyi & Unicode )
7.7K 1.1K 100
Chapter 27.2 Reader: Tempting color1
လေလံပွဲခန်းမရဲ့ဝင်ပေါက်ဝမှာတော့ အနည်းဆုံး
မဟာဓားသခင်အဆင့်ရှိတဲ့ နတ်ဆိုးအစောင့်
နှစ်ယောက် စောင့်ကြပ်နေခဲ့သည် ။သူတို့တွေကို
တုကျဲ့ လက်မှတ်တွေပြလိုက်ကာ ရှို့ ကို သူတို့တွေ
ကြည့်ရှုစစ်ဆေးပြီး နောက်မှာတော့ သူတို
့နှစ်ယောက်ကို ဝင်ခွင့်ပေးလိုက်သည် ။သူတို့အတွဲ
ကိုစောင့်မျှော်နေခဲ့တဲ့ ဧည့်ကြိုတစ်ယောက်
ရှိနေခဲ့သည် ။
"ဘယ်လီယယ်မြို့ကိုယ်စားပြုတွေ...ကျွန်မနောက်
ကို လိုက်ခဲ့ပေးပါ "
ရှို့ နဲ့ တုကျဲ့ ကို လေလံပွဲခန်းမရဲ့ထောင့်နေရာကို
ခေါ်သွားခဲ့သည်... ဘယ်လီယယ်မြို့က 72မြို့ထဲမှာ
အဆင့်အောက်ဆုံးနေရာနားလေးမှာရှိတဲ့ မြို့ဖြစ်တာ
မို့ နေရာကသိပ်တော့မကောင်းပေ ။အာဂါရက်စ်မြို့
က သူတို့အတွက် သိပ်တော့အရေးမကြီးဘူးဖြစ်
သည် ။တုကျဲ့ သိပ်တော့ဂရုမစိုက်ပေ...ဘယ်နေရာ
မှာပဲထားထား ရွေကတော့အမြဲတောက်ပြောင်နေ
မှာပဲဖြစ်သည်။ဇာတ်လိုက်ဒီနေရာမှာထိုင်ပြီး သူ့ရဲ့
ဟော်မုန်းတွေကိုထုတ်လွှင့်နေသ၍ အဆင်ပြေ
သည်...ဘာလို့ဆိုညီမလေးက ထိုငါးစာကိုအလို
အလျောက်လာဟပ်မှာ မို့လို့ပင်ဖြစ်သည် ။
ဟေဒီလ်း... ခန်းဝင်ပစ္စည်းနဲ့မိန်းမပျိုလေး
ဇာတ်လိုက်ဆီလာပြီး ဦးညွှတ်လိုက်ပါတော့!
( အစားခံလိုက်ပါတော့လို့ ပြောတာပါ)
လူတွေအများကြီး တစ်ယောက်ပြီးတစ်ယောက်
ရောက်လာကြသည် ။ လေလံပွဲစတင်ပြီ ဖြစ်သည် ။
အစီအစဉ်တင်ဆက်သူက သူ့ရဲ့စင်ပေါ်ကနေပြီး
ထူးခြားဆန်းကြယ်တဲ့ပစ္စည်း တစ်ခုချင်းဆီကို
ဟန်ပါပါနဲ့ကြေညာမိတ်ဆက်ပေးနေပြီး...အချိန်နဲ့
အမျှ ဈေးပြိုင်ပေးနေတဲ့အသံတွေကို ခန်းမထဲမှာ
ကြားနေရသည် ။
" ခေါင်းနှစ်လုံးနဲ့ Chimeraရဲ့ မှော်ခရစ်စတယ်
ဒါဇင်..."(Chimeraဆိုတာ ဂရိဒဏ္ဍာရီတွေထဲက
သတ္တဝါတစ်ကောင်မကတဲ့ အစိတ်အပိုင်းတွေနဲ့
ဖွဲ့စည်းထားတဲ့ မှော်သတ္တဝါတစ်မျိုးပါ)
"ဆီဘားနက်က နက်ဗျူလာချပ်ဝတ်တန်ဆာ.."
"အဆင့်မြင့် သံသတ္တုရိုင်း..."
……