Ep 149&150(Zawgyi &Unicode)
4.5K 637 63
Chapter 76.3 – ဇာတ်လိုက် : မင်းမှာ
နှစ်သက်ရတဲ့သူရှိလား?
ခုနစ်ရက်မြောက်နေ့မှာ ... ငွေရောင်နဂါး
ရောက်လာခဲ့သည် ။ ဒီတိုက်ပွဲက သူတို့အတွက်
အခက်ခဲဆုံးသော တိုက်ပွဲပင် ။ ငွေရောင်နဂါး
က သူ့ရဲ့ အကွာအဝေးကိုထိန်းချုပ်သည့်
မှော်ကို အသုံးပြခဲ့၍ သူတို့ရဲ့ ရတနာသိုက်ထဲက
တစ်ဝက်ကို အပြင်သို့ပို့ခံလိုက်ရပြီး ဂူအောင်း
လူသားတွေက ချက်ချင်းဆိုသလို ပြုံခဲရောက်
လာခဲ့ကြသည် ။ အဆုံးမှာ ငွေရောင်နဂါးကို
သူတို့တွေ အနိုင်ယူလိုက်နိုင်ပေမယ့်လည်း ...
ပုတ်သင်သတ္တဝါတွေ သယ်ပြေးသွားခဲ့သည့်
ရတနာတွေနောက်သို့ သူတို့လိုက်ကြရပြန်
သည် ။
ရှို့ သူ့ရဲ့ နဖူးပြင် အလယ်တည့်တည့်က သွေးကို
သုတ်လိုက်သည် ။ သူ့ရဲ့ နဂါးလှံတံကို လေထဲ
သို့ထိုးစိုက်လိုက်ရာ ဟာလာဟင်းလင်းဖြစ်နေ
ပုံပေါက်သည့်နေရာမှာ အက်ကြောင်းလေးပေါ်
လာခဲ့သည် ။ နီလာခရမ်းနဂါးကို ရုတ်ချည်း
ဆိုသလို မြင်လာခဲ့ရသည်။  ရှို့ ရဲ့ နဂါးလှံတံက
နဂါး၏ အားနည်းသည့်နေရာမှာ ထိုးစိုက်နေခဲ့
သည် ။ မြေပြင်ထဲသို့ နဂါးကြီး လဲကျသွားခဲ့ကာ
ဘာမှမကျန်တော့သည်အထိ ပျောက်ကွယ်သွား
ခဲ့သည် ။
မြေပြင်ထက်မှာလှဲရင်း အသက်ကိုလုရှုနေရရင်း
မှ အီနောခ့် အော်လိုက်သည် : “အား! အား !
အဲတာနောက်ဆုံးတစ်ကောင်ပဲ !  ဒီသူခိုးဖြင့်
အရမ်းပင်ပန်းလိုက်တာ …”
တခြားသူတွေမှာ ပင်ပန်းလွန်းအားကြီး၍
စကားတောင် မပြောချင်ကြတော့ပေ ။ ဒီနေ့က
နဂါးမျိုးနွယ်လှုံ့ဆော်မှု၏ နောက်ဆုံးနေ့ ဖြစ်ကာ
လူတိုင်း အားအင်ပြတ်လပ်ကုန်ကြသည် ။တုကျဲ့ 
မျှော်မှန်းထားသည့်အတိုင်းပင် ... နောက်ဆုံး
နေ့မှာ ပုတ်သင်သတ္တဝါအုပ်တွေနှင့် အပြည့်ဖြစ်
နေခဲ့သည် ။ စိမ်းဝါရောင်ရန်သူတွေက အင်အား
မကြီးကြပေမယ့်လည်း သူတို့က နေ့ရောညပါ
လာပြီးတော့ တိုက်ခိုက်ကြသည် ။
သူတို့က အဆုံးမရှိသည့် ပုရွက်ဆိတ်လှိုင်းလုံးကြီး
လိုပင် - ခုခံကာကွယ်သူတွေ သူတို့ကို အလွယ်
တကူ ရှင်းထုတ်ပစ်နိုင်ပေမယ့် ... နေ့တိုင်း
ပုရွက်ဆိတ်တွေကို ထပ်တလဲလဲ ရှင်းထုတ်နေရ
သည်က သူတို့ကို ခြေကုန်လက်ပန်းကျစေခဲ့
သည် ။