နိဒါန်း

1.9K 44 1
                                    

(ဆားတောင်ပြည်စတင်ပေါ်ပေါက်လာပုံ)

ရှေးသရောအခါတုန်းကရတနာသိင်္ဃဟုခေါ်သည့်တိုင်းပြည်ကြီးတစ်ပြည်ရှိခဲ့သည်။၎င်းတိုင်းပြည်ကြီးကိုစိတ္တဘုရင်ကြီးကတရားနှင့်အညီအုပ်
ချုပ်စိုးစံခဲ့သည်။

စိတ္တဘုရင်ကြီးတွင်မိဖုရားသုံးပါးရှိပြီး၎င်းမိဖုရားသုံးပါးလုံးမှသားတော်တစ်ပါးစီဖွားမြင်ခဲ့ကြသည်။

ရတနာသိင်္ဃတိုင်းပြည်ကြီး၏တည်နေပုံမှာ
အရှေ့ဘက်တွင်စိန်တောင်ပြည်၊အနောက်
ဘက်တွင်မိုးနဂါးတိုင်း၊တောင်ဘက်တွင်သံ
တောင်ပြည်နှင့်မြစိမ်းရောင်တိုင်း၊မြောက်ဘက်တွင်ဆင်ဖြူ တိုင်းတို့ကဝန်းရံလျက်ရှိသည်။

ရတနာသိင်္ဃတိုင်းနှင့်မိုးနဂါးတိုင်းတို့အကြား
တွင်စိမ့်မြစ်ကြီးကဖြတ်သန်းစီးဆင်းနေသည်။

စိတ္တဘုရင်ကြီးကသားတော်သုံးပါးလုံးကိုအညီအမျှချစ်ခင်ခဲ့သည်။ထို့ကြောင့်တိုင်းပြည်အတွင်းရှိပြည်နယ်သုံးခုကိုသားတော်သုံးပါးအားတစ်ယောက်တစ်နေရာစီအပိုင်စားပေးခဲ့သည်။

တစ်နေ့တွင်စိတ္တဘုရင်ကြီးရုတ်တရတ်နတ်ရွာ
စံသွားသည်။စိတ္တဘုရင်ကြီးနတ်ရွာစံသည့်အချိန်တွင်သားတော်သုံးပါးထဲမှမည်သူ့ကိုမှအိမ်
ရှေ့စံအဖြစ်မတင်မြှောက်ရသေးပေ။

မိဖုရားသုံးပါးလုံးကမိမိ၏သားတော်ကိုသာအ
ရိုက်အရာဆက်ခံစေလိုကြသည်။ထို့ကြောင့်အ
ရိုက်အရာဆက်ခံခွင့်နှင့်ပတ်သတ်ပြီးအငြင်းပွား
ကြရင်းညီအကိုအချင်းချင်းမသင့်မမြတ်ဖြစ်ကုန်
ကြသည်။

နောက်ဆုံးတွင်သားတော်သုံးပါးကမိမိတို့အ
ပိုင်စားရထားသည့်ပြည်နယ်များကို ကိုယ်ပိုင်
တိုင်းပြည်များအဖြစ်တည်ထောင်လိုက်ကြသည်။

သားတော်ကြီးအပိုင်စားရခဲ့သည့်ပြည်နယ်မှာအဖိုးတန်ပတ္တမြားများထွက်သဖြင့်ပတ္တမြားတိုင်းဟုအမည်တွင်ခဲ့သည်။

သားတော်အလတ်အပိုင်စားရခဲ့သည့်ပြည်နယ်
မှာအဖိုးတန်ကျောက်စိမ်းများထွက်သဖြင့်ကျော
က်စိမ်းတိုင်းဟုအမည်တွင်ခဲ့သည်။

The Ugly Prince(u&z)(Completed)Where stories live. Discover now