အခန်း(၁၁)

288 25 0
                                    

(ဆိုးတူကောင်းဘက်သူငယ်ချင်း)

ကောင်းကင်ပြင်တွင်လတစ်ခြမ်းပဲ့လေးသာနေသည်။လရောင်ရေးရေးကအမှောင်ထုကိုမထိုး
ဖောက်နိုင်သလိုဂူထဲကိုလည်းအလင်းရောင်မပေးနိုင်ပေ။သို့သော်အမှောင်ထဲကျင့်သားရနေသည့်မျက်လုံးများကရိုးတိုးရိတ်တိတ်တော့မြင်နေရသည်။

“ရုပ်ဆိုးမင်းသား"

အနားနားကပ်ပြီးခေါ်လိုက်သည့်အသံကြောင့်
ရုပ်ဆိုးမင်းသားလန့်နိုးသွားသည်။

“ဘာလဲ။မင်းဘာလုပ်မလို့လဲ"

“မင်းလေသံကလဲ။ငါကပဲတစ်ခုခုထလုပ်တော့မဲ့အတိုင်းပဲ"

“အဲ့ဒါဆိုမင်းဘာလို့ငါ့နားကိုလာတာလဲ"

“မင်းမချမ်းဘူးလား"

“ချမ်းတယ်ပြောပြောမချမ်းဘူးပဲပြောပြောဘာ
တွေများကွာခြားသွားမှာမို့လို့လဲ"

“ငါတို့နှစ်ယောက်နီးနီးကပ်ကပ်နေတော့အချမ်းသက်သာတာပေါ့"

ဆင်ဖြူ မင်းသားကရုပ်ဆိုးမင်းသားလေးနားအတင်းတိုးကပ်ပြီးဝင်ထိုင်လိုက်သည်။ရုပ်ဆိုးမင်းသားလေးကနေရာမှထပြေးရန်ပြင်သောအခါဆင်ဖြူ မင်းသားကသူ့လက်မောင်းကိုဖမ်းဆွဲထားသည်။

“မင်းဘယ်လိုဖြစ်နေတာလဲ…လွှတ်"

“နီးနီးကပ်ကပ်နေကြမယ်လို့"

“ငါမနေချင်ဘူး"

“ဘာလို့ဒီလောက်တောင်ခါးခါးသီးသီးဖြစ်နေတာလဲ။မင်းငါနဲ့သူငယ်ချင်းမလုပ်ချင်ဘူးလား"

“မလုပ်ချင်ဘူး"

“ဘာဖြစ်လို့လဲ"

“ငါမွေးကတည်းကတစ်ယောက်တည်းနေလာတာအကျင့်ဖြစ်နေပြီ"

“ဟုတ်လို့လား။နန်းတွင်းကအမှုထမ်းတွေ၊မှူးမတ်တွေရဲ့သားသမီးတွေနဲ့သူငယ်ချင်းတွေမဖြစ်ဘူးလား"

“မဖြစ်ဘူး"

“အဲဒါဆိုနန်းတွင်းထဲကလူတွေနဲ့ကောအတူတူမနေဘူးလားဥပမာအထိန်းတော်တွေ၊နန်းတွင်းအခြွေအရံတွေ"

“ဟင့်အင်း။ငါ့အဆောင်တော်ကိုအမတ်ကြီးသု
ဝေဒနဲ့စစ်သူကြီးနန္ဒမိတ်ကလွဲရင်ဘယ်သူမှမလာကြဘူး။လာခွင့်လည်းမရှိဘူး။လာခွင့်ရှိတဲ့
အထိန်းတော်ကြီးကလည်းဆုံးသွားပြီ"

The Ugly Prince(u&z)(Completed)Where stories live. Discover now