(အနာဂတ်အတွက်မျိုးဆက်သစ်)
မုန်တိုင်းကမင်းသားလေးကိုလျှောက်တင်လိုက်သည်။
“မင်းသားလေးဘေးမှာနေရတာကိုယ့်ကိုယ်ကိုယ်အချည်းနှီးအချိန်ကုန်နေတယ်လို့မထင်ပါဘူး။မင်းသားလေးနဲ့အတူတိုင်းပြည်အကျိုးကိုဆောင်ရွက်ခွင့်ရလို့တန်ဖိုးရှိတဲ့လူတစ်ယောက်လို့
ခံစားရပါတယ်"“ဒါပေမဲ့မုန်တိုင်းလောကမှာလူရယ်လို့ဖြစ်လာ
ရင်တစ်ယောက်တည်းနဲ့ဘဝကိုဖြတ်သန်းသွားလို့မဖြစ်ဘူး။သီးချိန်တန်သီး၊ပွင့်ချိန်တန်ပွင့်ရတယ်"သည်တစ်ခါတော့မုန်တိုင်းမျက်မှောင်ကြုံ့ကာ
စဉ်းစားလိုက်မိသည်။ပြီးနောက်မင်းသားလေးရဲ့ဆိုလိုရင်းကိုပွင့်ပွင့်လင်းလင်းမေးလိုက်သည်။“မင်းသားလေးကကျွန်တော်မျိုးကိုအိမ်ထောင်
ပြုစေချင်နေတာလား"“ဟုတ်တယ်မုန်တိုင်း"
“မဖြစ်နိုင်တာပဲ"
“ဘာလို့မဖြစ်နိုင်ရမှာလဲ။အသင်ကျွန်ုပ်ကိုပဲကြည့်မနေပါနဲ့။ကျွန်ုပ်ကမွေးဖွားလာကတည်းကဘဝမှန်ကိုဖုံးကွယ်ပြီးနေလာခဲ့ရတဲ့သူပါ။ကျွန်ုပ်ကလူသာမန်တွေလိုအစဉ်အလာအတိုင်းလိုက်လုပ်လို့မဖြစ်နိုင်ဘူး။အသင်ကတော့လူထဲကလူတစ်ယောက်မို့တခြားလူတွေလိုပဲနေထိုင်သင့်တယ်။အသင့်အတွက်အိမ်ထောင်ဘက်ကိုရှာပါ"
“ကျွန်တော်မျိုးမရှာချင်ပါဘူး။မင်းသားလေးအနားမှာပဲနေပြီးမင်းသားလေးနဲ့အတူပြည်သူတွေရဲ့အကျိုးကိုဆောင်ရွက်ချင်ပါတယ်”
“ပြည်သူတွေရဲ့အကျိုးကိုဆောင်ရွက်ချင်တယ်ဟုတ်လား"
“ဟုတ်ပါတယ်မင်းသားလေး"
“ပြည်သူတွေရဲ့အကျိုးကိုဆောင်ရွက်ဖို့ဆိုရင်ပြည်သူတွေကိုဦးဆောင်လမ်းပြပေးနိုင်မဲ့ခေါင်းဆောင်ကောင်းတစ်ယောက်ရှိဖို့လိုတာပေါ့။ကျွန်ုပ်သေသွားရင်ပြည်သူတွေကိုဘယ်သူကဦးဆောင်မှာလဲ”
“အို…မင်းသားလေးကဘာဖြစ်လို့သေရမှာလဲ"
“လောကကြီးရဲ့သဘာဝအရမွေးဖွားပြီးရင်သေဆုံးရမှာပဲ။ထာဝရအသက်ရှင်တဲ့လူဆိုတာမရှိဘူး။ဒါကြောင့်ကျွန်ုပ်တို့မသေခင်မှာစိတ်ချလက်ချသေနိုင်ဖို့ကြိုတင်ပြင်ဆင်ရလိမ့်မယ်"
YOU ARE READING
The Ugly Prince(u&z)(Completed)
General Fictionဒီပွဲကသူများနဲ့ယှဉ်ပြိုင်တဲ့ပွဲမဟုတ်ဘူး။ငါ့ရဲ့ကံကြမ္မာနဲ့ငါ့ရဲ့ကြိုးစားအားထုတ်မှုယှဉ်ပြိုင်တဲ့ပွဲ။ငါ့ရဲ့ကံကြမ္မာကနိုင်ရင်ငါတစ်သက်လုံးပြိုလဲသွားမယ်။ငါ့ရဲ့ကြိုးစားအား ထုတ်မှုကနိုင်ရင်ငါတစ်သက်လုံးဘယ်တော့မှမပြိုလဲတော့ဘူး။ Zawgyi ဒီပွဲကသူများနဲ့ယှဉ်ပြိုင...