အခန်း(၃)

381 28 0
                                    

(ပညာတော်သင်စေလွှတ်ခြင်း)

နေ့လရက်တို့အလီလီပြောင်းလဲလာပြီးနောက်ရုပ်ဆိုးမင်းသားလေးအသက်(၁၆)နှစ်အရွယ်သို့ရောက်လာခဲ့သည်။

အမတ်ကြီးသုဝေဒနှင်စစ်သူကြီးနန္ဒမိတ်ကမင်းသားလေးကိုငယ်စဉ်မှစ၍ပညာရပ်မျိုးစုံကိုသင်
ကြားပေးခဲ့ကြသည်။

မင်းသားလေးကဉာဏ်ပညာထက်မြတ်ပြီးတိုင်း
ုပြည်၏နိုင်ငံရေးအခြေအနေကိုလည်းစိတ်ဝင်
စားသည်။ထို့ကြောင့်မိမိတိုင်းပြည်၏ဆင်းရဲတွင်းနက်နေပုံကိုမည်သို့မည်ပုံကယ်တင်ပေးရပါ
မည်နည်းဟုအမြဲတမ်းတွေးတောကြံဆနေတတ်သည်။

တစ်နေ့တွင်ဆားတောင်နန်းတော်သို့မိုးနဂါးတိုင်းမှဖိတ်စာတစ်စောင်ရောက်လာခဲ့သည်။မိုးနဂါးတက္ကသိုလ်တွင်ရုပ်ဆိုးမင်းသားလေးပညာသင်
ကြားလိုပါကလာရောက်သင်ကြားနိုင်ပါသည်ဟုဖိတ်ခေါ်သည့်စာဖြစ်သည်။ဆားတောင်ဘုရင်
ကြီးကရုပ်ဆိုးမင်းသားလေးကိုခေါ်ပြီးအသိပေးသည်။

“သားတော်အသက်(၁၆)နှစ်ပြည့်ပြီဆိုတော့မိုးနဂါးတိုင်းကိုသွားပြီးပညာသင်ကြားရတော့မယ်နော်"

“ဟုတ်ပါတယ်ခမည်းတော်။ဒါပေမဲ့သားတော်မသွားချင်ပါဘူး”

“မသွားချင်လို့မရဘူးသားတော်။မိုးနဂါးတက္ကသိုလ်ကိုပညာတော်သင်မသွားရင်သားတော်ကိုတ
ခြားတိုင်းပြည်တွေကအထင်အမြင်သေးလိမ့်မယ်”

“ဒါပေမဲ့ခမည်းတော်...သားတော်ကတိုင်းပြည်
အတွက်အလုပ်လုပ်ချင်နေပြီ။သူများတိုင်းပြည်
ကိုမသွားဘဲကိုယ့်တိုင်းပြည်တိုးတက်ဖို့အတွက်ကိုယ့်နည်းကိုယ့်ဟန်နဲ့ပဲကြိုးစားချင်တယ်"

“သားတော်ကြိုးစားချင်လဲပဲတက္ကသိုလ်ကိုတော့သွားရလိမ့်မယ်။သားတော်ကိုသူများတွေအထင်အမြင်သေးမှာခမည်းတော်မလိုလားဘူး”

“မဖြစ်ဘူးခမည်းတော်။သားတော်ကအခုကစ
ပြီးအရွယ်ရောက်ပြီမို့တိုင်းပြည်တိုးတက်ရေးအတွက်စပြီးတော့လုပ်ဆောင်တော့မှာပါ"

“ပညာသင်ပြီးမှလုပ်ပါသားတော်။ခမည်းတော်
တို့တိုင်းပြည်ကဆင်းရဲတယ်ဆိုတာအတိုင်းတိုင်းအပြည်ပြည်ကသိနေပြီးသားပါ။ဒီ့ထက်ပိုပြီးဆင်းရဲစရာအကြောင်းလည်းမရှိတော့ပါဘူး။

The Ugly Prince(u&z)(Completed)Onde as histórias ganham vida. Descobre agora