(ရုပ်ဆိုးမင်းသားလေး၏နန်းဆောင်)
မိုးနဂါးမင်းသားစကားကြောင့်ရုပ်ဆိုးမင်းသား
လေးငြိမ်သက်သွားမိသည်။အတန်ကြာမှသူကပြောလိုက်သည်။“သူတစ်ပါးရဲ့အားနဲချက်ကိုဘာဖြစ်လိုထုတ်ဖော်ချင်ရတာလဲနောင်တော်"
“အားနဲချက်ကိုထုတ်ဖော်ချင်တာမဟုတ်ဘူး။နောင်တော်ကအားပေးစကားပြောချင်တာပါ။ညီတော်သိထားရမှာကညီတော်ဘယ်လောက်ပဲအရုပ်ဆိုးဆိုးမြင့်မြတ်တဲ့အမျိုးအနွယ်ကနေဆင်းသက်လာတယ်ဆိုတာကိုတော့ဘယ်သူမှငြင်းလို့မရဘူး။
ညီတော့်အနေနဲ့အပြင်လောကကြီးကိုမျက်နှာဖုံးချွတ်ပြီးမကြည့်ချင်ဘူးလား။ကိုယ့်မျက်နှာကိုလူမမြင်အောင်ဖုံးကွယ်ပြီးတော့နေရတာပင်ပန်းလွန်းလှပါတယ်။တစ်ခါတစ်လေလွတ်လွတ်လပ်လပ်နေကြည့်စမ်းပါဦး"
“နောင်တော့်ရဲ့စကားကိုကြားရတာညီတော့်စိတ်ထဲမှာဝမ်းသာဝမ်းနဲခံစားရပါတယ်"
“ဘာဖြစ်လို့လဲညီတော်"
“ဝမ်းသာတာကညီတော့်အတွက်စဉ်းစားပြီးတွေးပေးလို့ပါ။ဝမ်းနည်းတာကနောင်တော်ပြောသလိုညီတော်လိုက်ပြီးမလုပ်နိုင်လို့ပါ"
“ဘာဖြစ်လို့လိုက်ပြီးမလုပ်နိုင်ရတာလဲ။လောက
ကြီးကိုမျက်နှာဖုံးအောက်ကနေပဲကြည့်မနေပါနဲ့။တစ်ခါတစ်လေမျက်နှာဖုံးချွတ်ပြီးကြည့်နိုင်ဖို့ကြိုးစားကြည့်စမ်းပါ"“ညီတော်ကြိုးစားကြည့်ပါ့မယ်။အခုလိုအားပေးစကားပြောပေးတဲ့အတွက်နောင်တော့်ကိုကျေးဇူးတင်ပါတယ်။ဒီနေ့တော့မိုးချုပ်နေပြီမို့နောင်တော်အနားယူပါတော့”
“ကျွန်ုပ်အနားမယူချင်သေးဘူး။ညီတော့်ရဲ့အ
ဆောင်တော်ထဲကိုအလည်လိုက်ခဲ့ချင်တယ်”“ညီတော့်ရဲ့အဆောင်တော်ထဲမှာနောင်တော်စိတ်ဝင်စားစရာဘာမှမရှိပါဘူး"
“နောင်တော်ကညီတော်ဘယ်လိုနေထိုင်သလဲဆိုတာကိုစိတ်ဝင်စားတာပါ။ပြီးတော့ညီတော်ဘယ်လိုအရာတွေကိုနှစ်သက်တယ်ဆိုတာကိုလည်းသိချင်တယ်"
ရုပ်ဆိုးမင်းသားလေးမသိမသာသက်ပြင်းချလိုက်မိသည်။သွေးသောက်ညီအကိုဖွဲ့မိသည့်မင်းသားနှစ်ပါးလုံးသူနဲ့ပတ်သတ်လျှင်အရာရာကိုစိတ်ဝင်စားနေကြတာကိုသူသိပ်ပြီးသဘောမကျ။ဒါပေမဲ့သူဘာမှမတတ်နိုင်။နှစ်ယောက်လုံးကိုသူမနိုင်။
YOU ARE READING
The Ugly Prince(u&z)(Completed)
General Fictionဒီပွဲကသူများနဲ့ယှဉ်ပြိုင်တဲ့ပွဲမဟုတ်ဘူး။ငါ့ရဲ့ကံကြမ္မာနဲ့ငါ့ရဲ့ကြိုးစားအားထုတ်မှုယှဉ်ပြိုင်တဲ့ပွဲ။ငါ့ရဲ့ကံကြမ္မာကနိုင်ရင်ငါတစ်သက်လုံးပြိုလဲသွားမယ်။ငါ့ရဲ့ကြိုးစားအား ထုတ်မှုကနိုင်ရင်ငါတစ်သက်လုံးဘယ်တော့မှမပြိုလဲတော့ဘူး။ Zawgyi ဒီပွဲကသူများနဲ့ယှဉ်ပြိုင...