အခန်း-၅၀(S-2)

132 13 0
                                    

(ထန်းတောထဲကသူတော်စင်နှစ်ယောက်)

ညနေခင်းနေအေးချိန်တွင်ရတနာပူရမြို့တော်တောင်ဘက်ရှိထန်းတောကြီးထဲတွင်ကြက်သမားများစုဝေးရောက်ရှိနေကြသည်။ထိုအထဲတွင်လူ
လေးနှင့်ရန်ဝေးလည်းပါသည်။ရန်ဝေးကကြက်
သမားများကိုကြည့်ပြီးခပ်ညည်းညည်းပြောလိုက်
သည်။

“အင်း…ဒုက္ခ…ဒုက္ခ။တိုင်းပြည်ကြီးကပျက်စီးချိန်တန်လာတော့ငါတို့လိုလူငယ်တွေကတိုင်းပြည်အကျိုးအတွက်အလုပ်မလုပ်ရဘဲလောင်းက
စားပွဲအတွက်ကြိုးပမ်းအားထုတ်နေရတယ်။ဒုက္ခ…ဒုက္ခ”

ရန်ဝေးစကားကြောင့်လူလေးကရန်ဝေးကိုမျက်ခုံးပင့်ပြီးကြည့်လိုက်သည်။

“မင်းလည်းတပ်မှူးကြီးနားမှာအနေကြာပြီးတပ်မှူးကြီးလေသံတွေပေါက်နေပြီ”

“ငါပြောတာမဟုတ်လို့လား”

“ဟုတ်ပါတယ်”

ကြက်သမားများကကြက်ဝိုင်းမစသေးသဖြင့်ကိုယ့်အစုနှင့်ကိုယ်သင့်တော်ရာတွင်ထိုင်နေကြသည်။ရန်ဝေးနှင့်လူလေးကထန်းတောအစွန်တွင်
ထိုင်ပြီးအခြေအနေကိုစောင့်ကြည့်နေသည်။ထိုစဉ်သူတို့နှစ်ယောက်အနီးသို့လူနှစ်ယောက်ရောက်လာခဲ့သည်။၎င်းတို့နှစ်ယောက်ကဆင်ဖြူ မင်းသားနှင့်ရုပ်ဆိုးမင်းသားလေးတို့ဖြစ်သည်။ရန်ဝေးက၎င်းတို့ကိုစူးစမ်းသလိုအကြည့်မျိုးနှင့်ကြည့်လိုက်မိသည်။

ရုပ်ဆိုးမင်းသားလေးကရန်ဝေးနှင့်မျက်လုံးချင်းဆုံသွားသည့်အခိုက်တွင်ရန်ဝေးကိုကောက်ကာငင်ကာမေးလိုက်သည်။

“ဒီမှာနောင်ကြီး…ဒီနားကလူတွေကကြက်တစ်ကောင်စီပိုက်ပြီးဘာလုပ်နေကြတာလဲဟင်"

ရန်ဝေးကပေါ့ပေါ့ပါးပါးပင်ပြန်ဖြေလိုက်သည်။

“ကြက်တိုက်ကြမလို့လေ"

“ကြက်တိုက်ကြမလို့ဆိုတာဘာကိုပြောတာလဲ
နောင်ကြီး”

“ကြက်နှစ်ကောင်ကိုတိုက်ခိုင်းမလို့ပေါ့ကွ"

“ဘာဖြစ်လို့တိုက်ခိုင်းတာလဲ"

ရုပ်ဆိုးမင်းသားလေးမေးခွန်းကြောင့်ဆင်ဖြူ မင်းသားကရယ်လိုက်မိသော်လည်းရန်ဝေးကမူစိတ်
ဆိုးသွားလေသည်။ဆင်ဖြူ မင်းသားကအခြေအ
နေကိုရိပ်စားမိသဖြင့်ရန်ဝေးကိုတောင်းပန်စကားပြောလိုက်သည်။

The Ugly Prince(u&z)(Completed)Where stories live. Discover now